၆၂၃။ ကိုယ်ပိုင် အစောင့်-၅
ဖန်ဇိုက သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရောက်ရှိလာသော လက်ဖျားခါလောက်အောင် အနံ့ကောင်းသော ဟင်းပွဲများကို စူးစိုက်ကြည့်နေမိသည်။ သူ့အမူအရာကို စကားလုံးဖြင့် ပြောရလျှင် အံ့စရာပဲဟူ၍ ဖြစ်သည်။ သူက ခေါင်းမော့၍ အေးစက် တည်ငြိမ်နေသော ဂျန်ဝုရှီကို လှည့်ကြည့်သည်။ သူမမျက်လုံးများ တလက်လက် ဖြစ်နေသည်။
(အဲလူက ဂျန်ဝုရှီရဲ့ အကိုကြီး တကယ် ဟုတ်ပါ့မလား။)
(သူက ကိုယ်ပိုင် အစောင့် တစ်ယောက်တော့ မဟုတ်ဘူးမို့လား။)
အကောင်းစား ဟင်းပွဲများဖြင့် ပြည့်နေသော စားပွဲကို ကြည့်လိုက်လျှင် ၎င်းဟင်းပွဲများက အတော်ဆုံး စားဖိုမှူး၏ လက်ရာအောက် မည်သို့မျှ မနိမ့်ကျချေ။ ဖန်ဇိုက သူ့သံသယကို ထိန်းထားရတော့သည်။
ကြည့်နေရုံဖြင့်ပင် သူ သွားရည်များ ကျဆင်းလာရသည်။
ဂျန်ဝုရှီ၏ မျက်နှာက တုံ့ပြန်မှု များများစားစား မပြသပေ။ သို့သော် သူမ ဂျန်ဝုယောင်းဘက်သို့ နောက်ဆုံးတွင် လှည့်ကြည့်လာသည်။ ဂျန်ဝုယောင်းက စားပွဲတစ်ဖက်တွင် ထိုင်နေသည်။ သူမ မျက်လုံးများက သံသယ အပြည့်ဖြစ်နေသည်။ စားပွဲအပြည့် ဟင်းပွဲများကို သူကိုယ်တိုင် ပြင်ဆင်တာ ဟုတ်ရော ဟုတ်ရဲ့လားဟူ၍ အကြည့်ဖြင့် ဂျန်ဝုယောင်းကို မေးလိုက်ခြင်း ဖြစ်သည်။
သူမက သူမရှေ့မှ ဟင်းပွဲများနှင့် ဂျန်ဝုယောင်းကြားရှိ ကွက်လပ်ကို မချိတ်ဆက်နိုင် ဖြစ်နေသည်။
ဒါတွေ အကုန်လုံး လက်ရာ မြောက် ဟင်းပွဲတွေချည်းပဲ ဖန်ဂျင်က သွားရည် သုတ်ပစ်လိုက်သည်။ သူ့အစာအိမ်က တကျုတ်ကျုတ် ဆူညံစွာ မြည်လာသည်။
ငါ... စားလို့ ရပြီလား ဖန်ဂျင်က ဂျန်ဝုယောင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်မေးသည်။
ဂျန်ဝုယောင်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။
ဖန်ဂျင်က ချက်ချင်း တူကောက်ကိုင်၍ လျင်မြန်ဖျတ်လတ်စွာ ဟင်းပွဲ အနည်းငယ်မှ ဟင်းများကို သူ့ထမင်းပန်ကန်းလုံးထဲ ကောက်ထည့်၍ စတင်စားလေ၏။