၃၅၆။ "ငါ ရောက်လာပြီပဲ - ၅"

813 56 0
                                    

၃၅၆။ ငါ ရောက်လာပြီပဲ - ၅

ဝုရှီ, နင် မအောင်မြင်သေးခင်, ပြန်လို့ မရသေးဘူး။ ဂျန်ဝုယောင်းက ရုတ်တရက် ပြောသည်။

ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ခေါင်းမော့ကြည့်သည်။ ဂျန်ဝုယောင်း ပြောလိုတာက လင်းအိမ်တော်သို့ ပြန်လို့ မရသေးဟူ၍ ဖြစ်သည်။

သူမ ပြန်လို့ မရသေးဘူးလား။

ဘာ့ကြောင့်လဲ။

နင့် စိတ်ဝိညာဉ်က မပြည့်မစုံ ဖြစ်နေပြီ၊ နင့် စိတ်ဝိညာဉ်ကို အသုံးချပြီး တိုက်ခိုက်ခဲ့လို့ နင့်စိတ်ဝိညာဉ်က လောင်ကျွမ်းခဲ့ရတယ်၊ နင့် ရန်သူသာ အသက်ရှင်နေသေးရင်, နင့်စိတ်ဝိညာဉ်အပိုင်းအစတွေကို အသုံးချပြီး နင့်ကို ရှာဖွေလို့ ရလိမ့်မယ်၊ နင့်တည်နေရာကိုပေါ့။ ဂျန်ဝုယောင်းက အရေးကြီးကိစ္စကို ရှင်းပြသည်။ သူက ဂျန်ဝုရှီကို ကြည့်နေမိသည်။ ဂျန်ဝုရှီက တိုက်ခိုက်ဖို့ သူ့ဝိညာဉ်ကို အသုံးချလိမ့်မည်ဟူ၍ သူ မမျှော်လင့်ထားခဲ့မိပေ။ ထိုကဲ့သို့ တိုက်ခိုက်မှုက အင်အားကြီးသော်လည်း ပေးဆပ်ရသည့် တန်ဖိုးကလည်း ကြီးမားလွန်းသည်။

ဂျန်ဝုရှီ အံ့ဩ၍ မျက်လုံးပြူးသွားသည်။

သူမက ကြောင်နက်လေးနှင့် ပူးပေါင်း၍ ရန်သူအား ဝိညာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်။ ဝိညာဉ်တိုက်ခိုက်မှုဖြင့် ရန်သူကို သတ်ဖြတ်ပစ်ဖို့ အပြည့်အဝ ရည်ရွယ်ထားခဲ့သည်။ ကြာပန်းလေးသာ အတင်းအကျပ် ကြားဖြတ် မဟန့်တားခဲ့လျှင်, သူက ကြောင်နက်လေး၊ အဖြူရောင်ဝတ်စုံရှင်နှင့် အတူ ပျက်စီးသွားလောက်ပြီ ဖြစ်သည်။ သူမ တိုက်ခိုက်မှုကို အတင်းအကျပ် အဆုံးသတ်ခံလိုက်ရသဖြင့် တိုက်ခိုက်မှု အောင်မြင်အောင် သူမ ဝိညာဉ်ကို လောင်မြိုက်ထားသည့် အဖြူရောင်ဝတ်စုံရှင်၏ ခန္ဓာကိုယ်တွင် သူမ၏ စိတ်ဝိညာဉ်တစ်ပိုင်းတစ်စ ကျန်ရစ်ခဲ့သည်မှာ ဖြစ်နိုင်သည်။

ဒါဆို သူ သေသွားပြီလား။

ဂျန်ဝုရှီ ကျိန်းသေ မသိပေ။ ယဲ့ရှက သူ့ကိုယ်သူ ဖောက်ခွဲလိုက်သဖြင့် အဖြူရောင်ဝတ်စုံရှင်က ဆိုးဆိုးရွားရွား လွင့်ပျံထွက်သွားခဲ့သည်။ အလယ်ဘုံမှ လူများနှင့် ပတ်သက်လာလျှင် သူမ သိတာ ဘာမျှ မရှိပေ။ ဂျန်ဝုရှီက သူတို့ကို အထင်မသေးရဲချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now