၇၆၉။ အိမ်ရှေ့စံ၏ အတွေးများ (၃)
ရှီလေး, မင်း ပြန်လာပြီလား ကျောက်ချူက ဂျန်ဝုရှီ ပြန်လာတာကို တွေ့ရလျှင် ချက်ချင်း ထိုင်ရာမှ ထ၍ လက်ဝှေ့ယမ်းပြလိုက်သည်။
ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ဖျတ်ခနဲ တစ်ချက် ကြည့်၍ သူတို့ထံ လျှောက်လှမ်းသွားသည်။ ဂျန်ဝုယောင်းက ယဲ့မေ့ကို ခေါ်၍ ထွက်သွားသည်။ ယဲ့ရှက အစောင့်အနေဖြင့် တည်းခိုဆောင်မှာ ကျန်ရစ်ခဲ့သည်။
ဘာလို့ အကိုကြီး ဝုယောင်း ထွက်သွားတာလဲ ကျောက်ချူက ဂျန်ဝုယောင်းနှင့် အတူ ဂျန်ဝုရှီ ပြန်လာတာကို တွေ့လိုက်သည်။ သို့သော် ဂျန်ဝုယောင်းက ရုတ်တရက် လှည့်ထွက်သွားတာကို တွေ့၍ အနည်းငယ် ထူးဆန်းသလို ထင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။
ကိစ္စလေးတွေ ရှိလို့ ဂျန်ဝုရှီက ရိုးစင်းစွာ ပြန်ပြောသည်။
အိုး, ဟုတ်ပြီ၊ ငါတို့မှာ ပျော်စရာသတင်းစကားတွေ ရှိတယ်၊ မင်း နားထောင်ချင်သလား ကျောက်ချူက စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးလျက် မေးသည်။ သူက ဂျန်ဝုရှီကို မျက်တောင် တဖျတ်ဖျတ် ခတ်လျက် ကြည့်လိုက်သည်။
ဂျန်ဝုရှီက ကျောက်ချူကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းများတွင် ငွေအပ်များက ရုတ်တရက် ထွက်ပေါ်လာလေ၏။ ငွေအပ်များက တလက်လက် တောက်ပနေပြီး အေးစက်စက် အငွေ့အသက်များကို ထုတ်လွှင့်နေသည်။ ၎င်းငွေအပ်များကြောင့် ကျောက်ချူ ရုတ်တရက် ကြောက်လန့်သွားလေ၏။
အဟမ်း... ဒီလိုကြီး လုပ်စရာ မလိုပါဘူး... ငါ မင်းကို ပြောကြည့်ရုံလေးပဲဟာ...
ရှီး.... ရှီလေးက တကယ်ပဲ ပိုပို ရက်စက်လာတယ်၊ ငါက သူ့ကို နည်းနည်းလေးပဲ စတာပဲဟာ၊ သူက ချက်ချင်းကြီး အပ်တွေကို ဆွဲထုတ်ရတယ်လို့ကွာ။
ရန်တိုင်းပြည်ရဲ့ အစောင့်တွေက ငါတို့ကို သတင်းစကား လာပို့တယ်၊ အိမ်ရှေ့စံက ကနေ့ည လာမယ်တဲ့။
ဂျန်ဝုရှီ အနည်းငယ် မျက်ခုံးပင့်မိသွားသည်။ သူတို့၏ ဒီရန်တိုင်းပြည်သို့ လာရခြင်း ရည်ရွယ်ချက်က ရန်တိုင်းပြည်၏ အိမ်ရှေ့စံနှင့် တွေ့ပြီး လေးခုမြောက် မြေပုံကို ရှာဖွေသိမ်းဆည်းဖို့ ဖြစ်သည်။ တစ်ရက်မပြည့်ခင်လေးမှာပင် အသတ်ခံရမည့် သိုးကလေးက သူ့ဘာသာ တံခါးလာခေါက်လိမ့်မည်ဟူ၍ သူမ မျှော်လင့်မထားမိပေ။
