၂၇၀။ “အိပ်မက်ဆိုးဖြစ်လာခြင်း - ၂”
လူငယ်များက သူတို့ခန္ဓာကိုယ်များကို မသယ်ချင် သယ်ချင်ဖြင့် တရွတ်တိုက် ဆွဲသွား၍ ရေသယ်ရန် ရေပုံးများကို ကောက်ယူလိုက်ကြသည်။
သူတို့အုပ်စုနောက်တွင် လေးတိလေးကန် နှစ်ယောက်သာ ကျန်ခဲ့သည်။ သူတို့က ရေသန်ရန် တွန့်လိမ်ကောက်ကွေးကာ ထွက်သွားကြသည့် လူငယ်အုပ်စုကို ကြည့်နေကြသည်။
“ဆာနေလား” ကျောက်ချူက လူတိုင်း ထွက်သွားလျှင် မေးသည်။ သူတို့နှစ်ယောက်သာ ဌာနမှာ ကျန်ခဲ့သည်။
ဂျန်ဝုရှီက ခေါင်းခါပြသည်။ သူမ၏ အစာစားချင်စိတ်က အမြဲတမ်းလိုလို နည်းပါးသည်။ သူမ နေ့စဉ် လိုအပ်သော အာဟာရနှင့် ကာဗွန်ဟိုက်ဒရိုက်ကိုသာ စားမျိုသည်။ ထို့ထက် အပို မစားချေ။ သူမနှင့် အတူ ယူဆောင်လာသည့် သက်စောင့်ဆေးများက သူမအတွက် လုံလောက်မျှတသည်။ သူမက ဆာလောင်ခြင်းကို မခံစားရပေ။
“ဒီမှာ, မင်း ယူထားလိုက်၊ မင်း ကနေ့ မဆာသေးရင်, နောက်နေ့တွေ အတွက် သိမ်းထားပေါ့၊ ဒီလို နှိပ်စက်တာက ဆက်ဖြစ်နေအုံးမှာ။” ကျောက်ချူက အစာခြောက်များကို သူ့အိတ်မှ ဆွဲထုတ်၍ ဂျန်ဝုရှီ၏ လက်ထဲသို့ ထိုးထည့်ပေးသည်။
ဂျန်ဝုရှီက မျက်ခုံးပင့်၍ ကျောက်ချူကို ကြည့်လိုက်သည်။ သူက တစ်ချိန်လုံး အဆုံးမရှိ စကားပြောခဲ့သည်။ သို့သော် သူ့လုပ်ရပ်က သူ့ပုံစံနှင့် တခြားစီ ဖြစ်နေသည်။ ကျောက်ချူ၏ မူလရည်ရွယ်ချက်က တိမ်ဖုံးတောင်ထွတ်သို့ ဝင်ရောက်ရန် ဖြစ်သည်။ သူက သည်နေရာမှာ ဖြစ်ပျက်နေကျ အရာများနှင့် ရင်းနှီးနေသလို ဖြစ်နေသည်။ အစာခြောက်များက သေးငယ်ပြီး မသိမသာ သယ်ယူလာလို့ရသည်။ အစာခြောက်များက ရိက္ခာအတွက် သင့်တော်သည်။ လူများက အစာခြောက်များကို ရံဖန်ရံခါ သိမ်းထားတတ်ကြသည်။ သို့သော် ခရီးထွက်မှသာ ဖြစ်သည်။ ကျောက်ချူက မမျှော်လင့်ထားသည်များအတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပုံရသည်။