၆၃၇။ ဝိညာဉ်လက်စွပ် (၂)
ပုံစံပြောင်းနိုင်တာလား ဂျန်ဝုရှီက မေးသည်။
သူမ သိရသလောက် လက်စွပ်ဝိညာဉ်များက အမျိုးအစား သုံးမျိုးရှိသည်။ လက်နက်လက်စွပ်ဝိညာဉ်, သားရဲလက်စွပ်ဝိညာဉ်နှင့် သူမပိုင်ဆိုင်ထားသော အပင်အမျိုးအစား လက်စွပ်ဝိညာဉ် ဖြစ်သည်။ လောလောဆယ် သူမ သိသလောက် ဖြစ်သည်။
ပထမအမျိုးအစား လက်စွပ်ဝိညာဉ်များက လက်နက်ပုံစံနှင့် သားရဲပုံစံ တစ်သမတ်တည်းသာ ရှိသည်။ တခြားပုံစံသို့ မပြောင်းလဲနိုင်ကြပေ။ သို့သော် အပင်အမျိုးအစား လက်စွပ်ဝိညာဉ်က ကန့်သတ်ချက် မရှိပေ။
ဖန်ဇိုက ဂျန်ဝုရှီ သံသယဝင်နေတာကို မှန်ကန်စွာ ခန့်မှန်းမိ၍ ပြောသည် အပင်လက်စွပ်ဝိညာဉ်က တခြားလက်စွပ်ဝိညာဉ်တွေနဲ့ မတူဘူး၊ ဝိညာဉ်လက်စွပ်တွေကို ရွှေနက်သတ္တုနဲ့ ဖန်တီးပြုလုပ်ပေးလိုက်ရင် တခြားအမျိုးအစားလက်စွပ်ဝိညာဉ်တွေက သူတို့ အသွင်ကို ပြောင်းနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်သွားကြလိမ့်မယ်၊ ဒါပေမဲ့... အဲဒီစွမ်းရည်က မင့်အပင်လက်စွပ်ဝိညာဉ်နဲ့ ကွဲပြားခြားနားတယ်၊ မင့်အပင်လက်စွပ်ဝိညာဉ်လို သူတို့က လူသားပုံစံ မပြောင်းနိုင်ကြဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ထက်မြိမှုနဲ့ ပုံပန်းသွင်ပြင်ကိုတော့ ပြောင်းလဲပေးနိုင်တယ်၊ နမူနာအနေနဲ့ သားရဲဝိညာဉ်လက်စွပ်ကို ပြန်လည် ဖန်တီးပေးလိုက်ရင်, သူက လက်နက်ပုံစံပြောင်းလဲပစ်နိုင်တယ်၊ သို့မဟုတ် ချပ်ဝတ်ပုံစံ ပြောင်းလဲပစ်နိုင်တယ်၊ အဲသလိုမျိုးပေါ့။
ဒီလိုဆိုတော့ အတော့်ကို မက်မောစရာပါလား ဖေးယန်က သူ့မေးစေ့ကို ပွတ်သပ်လျက် ပြောသည်။ သူ့လက်ထဲမှာ ချက်ချင်းပင် ရွှေနက်သတ္တု ပိုင်ဆိုင်ပြီး စမ်းသပ်နေရသလိုလို။
ရွှေနက်သတ္တုက လူတွေရဲ့ စွမ်းအားကို မယုံကြည်နိုင်လောက်အောင် တိုးတက်နိုင်စေတယ်၊ ဒါပေမဲ့ ဒီသတ္တုက အင်မတန် ရှားပါးလွန်းတယ်၊ ငါ သိရသလောက်ဆိုရင်, နန်းတော်ဆယ့်နှစ်ခုမှာတောင် ရွှေနက်သတ္တုနဲ့ ဝိညာဉ်လက်စွပ် ပိုင်ဆိုင်ထားသူဆိုလို့ သုံးယောက်လောက်ပဲ ရှိလိမ့်မယ်၊ နန်းတော်သခင်ကြီး တချို့တွေသာ ပိုင်ဆိုင်ထားကြတာ။