၂၆၁။ "တောင်ထွတ် ၁၂လုံး - ၃"

934 79 0
                                    

၂၆၁။ “တောင်ထွတ် ၁၂လုံး - ၃”

နောက်ဆုံး စစ်ဆေးခြင်း စတင်သည်နှင့် လူငယ်များက သူတို့ သင်ထား, တတ်ထားသမျှ အစွမ်းကုန် ပြသကြသည်။ တချို့က သူတို့ အရကျက်ထားသည်များကို အလွတ်ဆိုပြကြသည်။ တချို့က လူသားခန္ဓာကိုယ် ရုပ်ပုံဖြင့် သွေးကြော အမျိုးမျိုးကို ထောက်ပြကြသည်။ တချို့က သူတို့ကိုယ်တိုင် ဖော်စပ်ထားသည့် သက်စောင့်ဆေးများကို တင်ပြကြသည်။

အစိတ်အပိုင်း အမျိုးမျိုး, နည်းလမ်းအမျိုးမျိုးဖြင့် တင်ပြကြသည်မို့ မကြာခင်မှာပင် ငါးစိမ်းသည် ဈေးတန်းလို ဖြစ်လာကြသည်။

ဂျန်ဝုရှီက စစချင်း လှုပ်ရှားဖို့ မလျင်မလိုပေ။ သူမက တိတ်ဆိတ်စွာ နောက်ဆုံး စစ်ဆေးမှုကို အကောင်းဆုံး ကြိုးစားပြနေကြသည့် လူငယ်များကို လှည့်ပတ်၍သာ ကြည့်နေသည်။

ချင်ယွဲ့နှင့် တခြားအကြီးအကဲများက မျက်မှောင်ကြီးများ ကြုတ်လာကြသည်။ သူတို့ရှေ့မှ ဗရုတ်ဗရက်ကျနေသည့် မြင်ကွင်းကြောင့် ဖြစ်သည်။

“အတော့်ကို ဗရုက်သုက်ခပဲ၊ နောက်ဆို ဒါတွေနဲ့ ငါ့ကို အလုပ် လာမရှုပ်ကြနဲ့၊ မင်းတို့ မျက်စိကျတဲ့လူ တွေ့ရင်, ခေါ်သာ သွားကြ” ချင်ယွဲ့က ကလေးကလား အပြုအမှုများကို မကြည့်ချင်တော့ပေ။ သူက ပါရမီရှင်များ မပါသည့် သည်အုပ်စုပ်ကို ကြည့်ပြီး ဒေါပွသွားသည်။

ချင်ယွဲ့က လစဉ် တပည့်သစ်စုဆောင်းရာမှာ ပုံမှန် ပျက်ကွက်တတ်သူ ဖြစ်သည်။ တစ်ခါတရံမှသာ လာရောက် ကြည့်ရှုသည်။ သူ လာတိုင်းလည်း ကနေ့လိုမျိုး ဒေါပွပြီး ပြန်သွားရသည်ချည်းသာ။

မုချန်က ထွက်ခွာသွားသည့် ချင်ယွဲ့ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေသည်။ သူ့နှုတ်ခမ်းများက လှောင်ပြောင်လိုဟန် ဖြစ်နေ၏။

ချင်ယွဲ့က အမြဲတမ်း လိမ္မာပါးနပ်သူ ဖြစ်သည်။ ဝင်ခွင့်တင်သွင်းသူများတွင် အကောင်းဆုံးဆိုသူများကို တောင်သို့ သူတို့ မဝင်ခင်မှာပင် သူက လျှို့ဝှက်စွာ ရွေးချယ်ယူသွားပြီး ဖြစ်သည်။ သူက သည် “အကျန်”များကို စိတ်မဝင်စားချေ။ ထို့ပြင် သူက သူအသစ်ခေါ်ယူထားသည့် တပည့်များကို ကြည့်ရှုဖို့ အမြန် ပြန်သွားတတ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now