၉၀၀။ လုပ်ကြံသတ်ဖြတ်ခြင်း(၆)

227 16 1
                                    

၉၀၀။ လုပ်ကြံသတ်ဖြတ်ခြင်း(၆)

ကံကောင်းထောက်မသဖြင့် ယဲ့ရှက အချိန်မီ တွေ့ရှိသွားပြီး သူ့လျှာ သူကိုက်ပြီး သေကြောင်းကြံလို့ မရအောင် သူ့အောက်မေးရိုးကို ဖြုတ်ချထားလိုက်သည်။ သူ့ကို အနီးကပ် ကြည့်လိုက်လျှင်, သူ့ကိုယ်သူ သေကြောင်းကြံဖို့ မဖြစ်နိုင်တော့ပေ။

စိတ်ဓာတ်ပြင်းထန်တာလား, ငါတို့ ဒီမှာ ရှိနေတယ်လေ, ဟုတ်တယ်မို့လား ကျောက်ချူက ထိုလူထံ သွား၍ အနီးကပ် ကြည့်လိုက်သည်။ ထိုလူက ပုံမှန် ရုပ်ရည်သာ ရှိသည်။ သို့သော် သူ့မျက်လုံးများက ခိုင်မာတည်ကြည်၍ ဆုံးဖြတ်ချက် ပြတ်သားခြင်းဖြင့် ပြည့်နှက်နေသည်။

ငါ သူ့မေးရိုးကို ပုံမှန်အတိုင်း ပြန်ထားလိုက်ရင်, သူ ချက်ချင်းပဲ သူ့ကိုယ်သူ သတ်သေလိမ့်မယ် ယဲ့ရှက မျက်မှောင်ကြုတ်လျက် ပြောသည်။ လူတစ်ယောက်ကို မလှုပ်ရှားမယိမ်းယိုင်ဘဲ သစ္စာရှိရှိ အခစားပြုသော လူတစ်ယောက်မှာ ဒီလို ဗီဇမျိုး ရှိတတ်ကြောင်း သူကိုယ်တိုင် ကောင်းကောင်း သိသည်။

ဂျန်ဝုရှီက ဆေးလုံးတစ်လုံး ထုတ်၍ ကျောက်ချူကို ပစ်ပေးလိုက်သည်။

သူ့ကို တိုက်လိုက်။

ကျောက်ချူက ဆေးလုံးကို မြင်ချိန်မှာ တုန်ယင်သွားသည်။ ဆေးလုံး၏ အကျိုးသက်ရောက်မှုကို သူ မသိသော်ငြား ရန်သူများအား ကောင်းကောင်းခံစားသွားအောင် လုပ်ဖို့ ဂျန်ဝုရှီ၏ လက်ထဲမှ ဆေးလုံး မည်မျှလောက် ထုတ်ပေးခဲ့သနည်း။

ဟင်း....မင်း စိုက်ပျိုးတာ မင်း ရိတ်သိမ်းရတာပဲ ကျောက်ချူက ထိုလူ၏ ပါးစပ်ထဲသို့ ဆေးလုံးကို ထည့်ပေးရင်း ကရုဏာသက်စွာ ပြောလိုက်သည်။ အနက်ရောင်ဝတ်စုံရှင် ထိုလူက မျက်မှောင်ကြုတ်သွားသည်။ သူက ရုန်းကန်လိုက်သေးသည်။ သို့သော် သူက ယဲ့ရှလက်မှ လွတ်ထွက်အောင် မလုပ်နိုင်ပေ။

ထိုလူ ဆေးလုံးကို မျိုချပြီးတာကို ကြည့်နေရင်း ခဏလောက် စောင့်ဆိုင်းပြီးနောက်, ဂျန်ဝုရှီက ယဲ့ရှကို ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်ကျမှ ယဲ့ရှက ထိုလူ၏ ‌မေးရိုးကို နေရာတကျ ပြန်ဖြစ်သွားအောင် ချက်ချင်း လုပ်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now