၄၂၄။ "သားရဲဝိညာဉ်ဌာန - ၃"

582 46 0
                                    

၄၂၄။ သားရဲဝိညာဉ်ဌာန - ၃

ဂျန်ဝုရှီ၏ ပျောက်ကွယ်သွားသော လုပ်ဆောင်ချက်နှင့် စပ်လျဉ်း၍ ချင်းယွမ်ဟဲက ကျောင်းအုပ်ကြီးထံ အကြိမ်အတော်များများ သွားခဲ့သည်။ တိုင်တန်းပြောကြားရန် ဖြစ်သည်။ သို့သော် အကြိမ်တိုင်း ဂူလီရှန်က တားမြစ်ခဲ့သည်။ ဂျန်ရှီ၏ သားရဲဝိညာဉ်ဌာနသို့ လှည့်မသွားတော့ဘဲ အိပ်ဆောင်မှ တစ်ခါတည်း ပြောင်းရွှေ့သွားတာကို သိလိုက်ရသဖြင့် ဂူလီရှန် စိတ်အေးသွား၏။

ဂျန်ဝုရှီက သီးသန့်ဝါတောအတွင်း ခြံဝန်းလေးမှာ နေထိုင်၍ သူမ၏ ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို သုတေသနလုပ်ခြင်းမှာ အာရုံစိုက်ထားလိုက်သည်။

တခြားအမျိုးအစား လက်စွပ်ဝိညာဉ်များကို လေ့ကျင့်ခြင်းက သူမအတွက် အသုံးမဝင်မှန်း သိပြီးဖြစ်သဖြင့် သူမ၏ စွမ်းအားမှန်သမျှကို ဝိညာဉ်ကုစားခြင်းနည်းစနစ်အပေါ်မှာသာ အပြည့်အဝ ထားရှိတော့သည်။ သူမက သည်နည်းစနစ်ကို ဖြစ်နိုင်သမျှ မြန်မြန် အောင်မြင်ပြီးစီးချင်နေသည်။ သို့မှသာ ကြာဖြူပန်းလေးကို နဂိုအတိုင်း ပြန်လည်ဝင့်ကြွားနိုင်အောင် ကုစားပေးနိုင်မည် ဖြစ်သည်။

သူမ၏ ဘဝနေထိုင်နည်းက အရင်လို တံခါးပိတ်ဝါဒဖြစ်သွားသည်။ လင်းအိမ်တော်မှာ နေထိုင်ခဲ့စဉ်လို ဖြစ်သည်။ လင်းအိမ်တော်မှာ နေထိုင်စဉ် သူမက ဆေးဖော်စပ်ခန်းတံခါးမှ အပြင်သို့ မထွက်ဘဲ ဆေးဝါးများကိုသာ အမြှင်မပြတ် ဖော်စပ်ခဲ့သည်။

ဂျန်ရှီက လေညင်းကျောင်းတော်မှ ကွယ်ပျောက်သွားတာ ဖြစ်ကောင်းဖြစ်ငြားလည်း သူမအား မဟုတ်မမှန် လုပ်ကြံလီဆယ် စွပ်စွဲချက်များကတော့ ပျောက်ကွယ်မသွားဘဲ ဆက်လက်၍ ဝေ့လည်နေဆဲပင်။

လေညင်းကျောင်းတော်တွင် စည်းမျဉ်းရှိသည်။ တပည့်များက အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ အတန်းမတက်ဘဲ မနေကြရချေ။ ဂျန်ရှီက အတန်းမတက်ဘဲ ပျောက်နေသည်မှာ လဝက်လောက် ရှိနေလေပြီ။ ချင်းယွမ်ဟဲ၏ ကျောင်းအုပ်ကြီးထံ မကြာခဏ လာရောက်ခြင်းက တိုးတက်များပြားလာသည်။ သို့သော်လည်း အကြောင်းထူးမလာသေးပေ။ မည်သို့ပင် ဖြစ်စေ ကျောင်းသားများကြား သတင်းစကားက ရုတ်တရက် ပျံ့နှံ့လာသည်။ မည်သည့်နေရာမှ သည်ကောလာဟလစကား စတင်ပျံ့နှံ့လာမှန်း မည်သူမျှ မသိကြချေ။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ