၈၄၀။ အကွက်ချ ဖမ်းဆီးခြင်း (၁)
လိပ်ပြာတိုက်ပွဲက နောက်ဆုံးပွဲစဉ်သို့ ရောက်ရှိလာလေပြီ။ ပထမတိုက်ပွဲကွင်းပြင်တွင် ပြိုင်ပွဲဝင်နှစ်ယောက်သာ ကျန်ရှိသည်။ သူတို့က ဂျန်ဝုရှီနှင့် ချူလင်းယွဲ့ ဖြစ်သည်။
ချူလင်းယွဲ့က အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအားအဆင့်က သူမထက် လုံးဝ သာလွန်သည်။ နောက်ဆုံးပွဲစဉ်ကို လူတိုင်း အာရုံစိုက်ထားကြသည်။ တိုက်ပွဲအနိုင်ရသူက ထိပ်တန်းအဆင့်တစ်ဆယ်ထဲ ပါဝင်လိမ့်မည်။ ထိပ်တန်းအဆင့်တစ်ဆယ်ကို လူတိုင်း နှစ်တိုင်း အာသာငမ်းငမ်း ရှိကြသည်။
ကနေ့မှာ အရင်ရက်များမှ ပြိုင်ပွဲဝင်များလည်း တိုက်ပွဲကွင်းပြင်သို့ ရောက်လာကြသည်။ ဒီနောက်ဆုံးပွဲစဉ်ကို ကြည့်ရှုဖို့ သူတို့ စိတ်အားထက်သန်နေကြသည်။
သူတို့က တိုက်ပွဲရလဒ်ထက် တိုက်ပွဲဖြစ်စဉ်ကို ပိုမို၍ စိတ်ဝင်စားကြသည်။ ဂျန်ဝုရှီက အစိမ်းရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် လူတိုင်းကို လွှမ်းမိုးနိုင်သူ ဖြစ်သည်။ ချူလင်းယွဲ့သည်ပင် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော်ငြား....
ဂျန်ရှီနှင့် ပြိုင်ဆိုင်ခဲ့သည့် လူတစ်ယောက်စီတိုင်းက တစ်ကွက်ထက် ပိုပြီး မရပ်တည်နိုင်ခဲ့ကြချေ။ ချူလင်းယွဲ့၏ စွမ်းအားက ပထမတိုက်ပွဲကွင်းပြင်တွင် ဂျန်ဝုရှီအောက် လူတိုင်းအထက်မှာ ရှိသည်။ ချူလင်းယွဲ့က ဂျန်ရှီနှင့် နည်းနည်းလေး ပိုကြာအောင် ပြိုင်နိုင်မလားဟူ၍ သူတို့ မြင့်မြင့်ကြီး မျှော်လင့်နေကြသည်။
ပြိုင်ပွဲက မစတင်သေးပေ။ သို့သော် ကွင်းပြင်က လူအုပ်ကြီးဖြင့် ပြည့်လျှံနေလေ၏။ ဂျန်ဝုရှီနှင့် ချူလင်းယွဲ့က ရောက်ရှိလာပြီး တိုက်ပွဲစင်မြင့်သို့ တက်ရောက်သွားကြပြီး အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ကြသည်။
လှပ၍ ချစ်စရာကောင်းသော ချူလင်းယွဲ့က သူမရှေ့မှာ ရပ်နေသော လူငယ်ကို ကြည့်လိုက်သည်။ သို့သော် သူမမျက်လုံးများက သူမ၏ ပြိုင်ဘက်မျက်နှာကို မကြည့်ဝံ့ဖြစ်နေရသည်။ သူမက ဂျန်ရှီ့ဘေးဖက် နေရာကိုသာ ကြည့်နေသည်။ ထိုနေရာမှာ ထွက်ပေါ်လာမည့် ပုံတူပုံရိပ်ကိုသာ ကြည့်ဝံ့ဟန်ပုံ ပေါ်နေသည်။
