၈၂၀။ သေဖို့ မတောင်းဆိုနဲ့ (၃)

291 31 0
                                    

၈၂၀။ သေဖို့ မတောင်းဆိုနဲ့ (၃)

လိပ်ပြာတိုက်ပွဲတွင် နောက်ဖေးပေါက်မှ အခွင့်အလမ်း အပေးခံရခြင်းက သူတို့ ဘယ်တုန်းကမှ မကြားဖူးသော တစ်စုံတရာ ဖြစ်သည်။

ဇောင်းရွှမ်က ပူပန်ခြင်း မရှိဘဲ သူ့ဝိုင်ကိုသာ သူ ဇိမ်ခံသောက်သုံးပြီး အရေးမထားဟန်ဖြင့် ပြောလိုက်သည် လိပ်ပြာတိုက်ပွဲကို အဆုံးရှုံးခံလိုက်ရတာ နစ်နာတယ်လို့ မင်းတို့ ထင်နေကြတယ်မို့လား၊ အိမ်ရှေ့စံဆီကနေ ကတိတစ်ခု ရလိုက်တာနဲ့ တိုက်ပွဲမှာ တောက်လျှောက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတာထက် ပိုပြီး အားကုန်သက်သာတယ်၊ လိပ်ပြာတိုက်ပွဲ ဝင်တဲ့ ငါတို့ အားလုံးအတွက် ထိပ်တန်းအဆင့် ဆယ်ယောက်ထဲ ဘယ်လိုနည်းနဲ့မှ မဝင်ရောက်နိုင်ဘူး၊ ဒါပေမဲ့ ဒီမှာ ရှိနေကြတဲ့ ငါတို့ အားလုံး ငါတို့ရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်စရာတော့ ရှိသေးတယ်၊ ငါတို့ လက်လွှတ်ဖို့ ကတိတစ်ခုသာ ပေးလိုက်ရင်, လက်လွှတ်လိုက်ရတာလည်း ဘာကိစ္စမှ မရှိတော့ဘူး။

လူငယ်များ အချင်းချင်း ကြည့်လိုက်ကြသည်။ ဇောင်းရွှမ်၏ စကားလုံးများက တစ်ခုခု လွဲမှားနေမှန်း သူတို့ သတိထားမိသည်။

သို့သော်ငြား ဇောင်းရွှမ်က သူပြောလိုက်သည့် စကားမှာ မည်သည့်အရာ မှားနေသလဲဆိုတာကို သတိမပြုမိသလို ဟန်ဆောင်၍ ဆက်ပြောလိုက်သည် လိပ်ပြာတိုက်ပွဲ မစခင် အိမ်ရှေ့စံရဲ့ နန်းဆောင်မှာ ညစာစားပွဲ တက်ရောက်ခဲ့ကြတာကို မင်းတို့ကောင်တွေ မှတ်မိကြသေးလား၊ နန်းဆောင်ကြီးက ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်သလဲ၊ ငါတို့ တစ်ဘဝလုံးမှာ အဲသလို နေရာမျိုးကို ခြေချဖို့တောင် အခွင့်အရေး မရှိကြဘူး၊ ဒီလို အခွင့်အရေးမျိုးဆိုတာ, ငါ လက်လွှတ်လို့ မရတဲ့ဟာပေါ့ကွာ၊ လိပ်ပြာတိုက်ပွဲလေးကို လက်လွှတ်ခံလိုက်တာက ဘာဖြစ်ဖြစ် အကြီးမားဆုံး ကိစ္စရပ်ပဲ...

သူ ထိုသို့ ပြောပြီးနောက် အပြုံးကြီးကြီး ပြုံး၍ နောက်ထပ် အရက်ခွက် အနည်းငယ်ကို ပျော်ပျော်ပါးပါး ထပ်သောက်လိုက်သည်။

တစ်စားပွဲတည်းမှာ ထိုင်နေကြသော ထိုလူငယ်များက ဇောင်းရွှမ်ပါးစပ်မှ ထွက်ကျလာသော ၎င်းစကားများကို စဉ်းစားရင်း ထူးဆန်းသည်ဟု ထင်နေမိကြသည်။ သူတို့ အချင်းချင်း လျှို့ဝှက်စွာ အကြည့်ချင်း လဲလှယ်လိုက်သည်။ သို့သော် သူတို့ ဇောင်းရွှမ်ရှေ့တွင် မည်သည့် စကားကိုမျှ မပြောလိုကြတော့ချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now