၈၄၁။ အကွက်ချ ဖမ်းဆီးခြင်း (၂)

324 33 0
                                    

၈၄၁။ အကွက်ချ ဖမ်းဆီးခြင်း (၂)

ဂျန်ဝုရှီ၏ စွမ်းအားကို လူတိုင်း သိထားသည်။ ဂျန်ရှီက သူ၏ အရင်ပြိုင်ဘက်များကို မျက်စိတစ်မှိတ်အတွင်းမှာ နှိမ်နင်းခဲ့သော်လည်း သူတို့ကို ကြီးကြီးမားမား ဒဏ်ရာရအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပေ။ သို့သော် ကနေ့မှာတော့ သူတို့မျက်စိရှေ့မှာတင် ဂျန်ရှီက ချူလင်းယွဲ့ကို ဆက်တိုက် သွေးအန်အောင် တိုက်ခိုက်ခဲ့သည်။ ချူလင်းယွဲ့၏ အခြေအနေကို သူတို့ မြင်ရချိန်မှာ သူမကို ခေါ်ထုတ်သွားလေပြီ။ ကိစ္စရပ်များက ဆိုးရွားလိမ့်မည်ဟု လူတိုင်း သိလိုက်ကြသည်။

သူတို့ မြင်ရသလောက်ဆိုလျှင် ချူလင်းယွဲ့က အတွင်းဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိသွားခဲ့သည့်ပုံပင်။

တိုက်ပွဲကွင်းပြင်က ရုတ်ချည်း ဆူဆူညံညံ ဖြစ်နေစဉ်မှာပင်, အစောင့်စစ်သားများက ကွင်းပြင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။ သူတို့က ဓားများကို အသင့်ဆွဲကိုင်ထားကြသည်။ သူတို့အားလုံးက တိုက်ပွဲစင်မြင့်တွင် ရည်နေဆဲဖြစ်သော ဂျန်ရှီကို ကြည့်နေကြသည်။

မင်းက ဂျန်ရှီလား။

ဂျန်ဝုရှီ၏ အေးစက်စက် အကြည့်များက အစောင့်စစ်သားများထံ ကျရောက်သွားပြီး သူမမျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဟုတ်တယ်

လိပ်ပြာတိုက်ပွဲက အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အထိ တိုက်ခိုက်ဖို့ ခွင့်ပြုမထားဘူး၊ ချူလင်းယွဲ့က သူမရရှိထားတဲ့ ဒဏ်ရာကြောင့် သတိလစ်မေ့မြောသွားပြီ၊ သူမ အသက်အန္တရာယ်ရှိနေပြီ၊ မင်းက အရမ်းကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တယ်၊ မင်းက လိပ်ပြာတိုက်ပွဲရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ခဲ့တယ်၊ မင်း ငါတို့နဲ့ အတူ လိုက်ခဲ့ရမယ် အစောင့်စစ်သားတစ်ယောက်က အေးစက်စက်လေသံဖြင့် ပြောသည်။

တိုက်ပွဲကွင်းပြင်က နောက်ထပ် ဆူညံပွက်လောရိုက်သွားပြန်သည်။ လိပ်ပြာတိုက်ပွဲမှာ ထိုကဲ့သို့သော စည်းမျဉ်းက တကယ် ရှိသည်။ သူတို့က တိုက်ခိုက်နိုင်သည်။ သို့သော် ပြိုင်ဘက်ကို သတ်ဖြတ်ဖို့ ခွင့်ပြုမထားပေ။ တစ်ယောက်ယောက်ကို သတ်မိလျှင်, သူတို့က တစ်ဖက်သတ် အရေးယူခံရမည် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now