၂၉၃။ "အစားထိုးခြင်း - ၂"

890 77 0
                                    

၂၉၃။ “အစားထိုးခြင်း - ၂”

ဟွာယောင်းက ကျောက်ချူနှင့် ဂျန်ဝုရှီကို ခဲချန်ဂျုနေထိုင်သည့် ဌာနသို့ ခေါ်ဆောင်သွားသည်။ လမ်းတောက်လျှောက် တိမ်ဖုံးတောင်ထွတ် တပည့်များကို ဖြတ်ကျော်လာသည်။ သူတို့အားလုံးက ချွင်းချက်မရှိ တလေးတစား ဦးညွတ် အရိုအသေပေးကြသည်။ သူတို့မျက်နှာများမှာ မာနဟူ၍ တစိုးတစိပင် မရှိကြချေ။ သူတို့က ခဲချန်ဂျုလာရာ လမ်းသို့ တကူးတက တက်၍ပင် လေးစားပြကြပြီး အကျအန ဖော်လံဖားကြသည်။ ထို့နောက် ခဲချန်ဂျုနောက်မှ ပုံရိပ်နှစ်ခုကို သတိပြုမိကြလျှင် သူတို့ အံ့အားသင့်သွားကြသည်။

ဂျန်ဝုရှီနှင့် ကျောက်ချူက မနက်အစောပိုင်းတွင် သေလုလု မေ့မြောသွားကြသည်။ တိမ်ဖုံးတောင်ထွတ် တပည့်အားလုံးနီးပါး သိကြသည်။ သူတို့ကို နောက်ထပ် မမြင်နိုင်တော့ဟူ၍ ထိုတပည့်များက မှတ်ထင်ထားကြသည်။ သို့သော် နှစ်နာရီလောက် ကြာပြီးနောက် သည်လူငယ်များက အသက်ရှင်နေရုံသာမက, အကြီးအကဲ ခဲနောက်မှပင် ကပ်ပါလာကြသေးသည်။

အတိအကျ ပြောရလျှင်, ခဲချန်ဂျုက သူတို့ ဆရာ ဖြစ်နေသော်လည်း တိမ်ဖုံးတောင်ထွတ်အတွင်းရှိ မည်သူမျှ အကြီးအကဲ ခဲနောက်မှ နေရာစုံ မလိုက်ပါဝံ့ကြချေ။

အကြီးအကဲ ခဲ၏ စိတ်ဓာတ်က ခန့်မှန်းရ ခက်တာကို ချင်းယန်ကလန်တွင် လူသိများသည်။ အကြီးအကဲ ခဲက နေ့စဉ် တစ်ခဏမျှသာ ထွက်လာတတ်ပြီး ညွှန်ကြားစရာ သင်ကြားစရာများကို ညွှန်ကြား သင်ကြားပေးသည်။ သူ့ကို တပည့်များ ဝိုင်းရံနေတာကို သူက မုန်းတီးသူ ဖြစ်သည်။

သူ့နောက်မှ တကောက်ကောက် လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

သည်ကောင်လေး နှစ်ယောက်က အကြီးအကဲ ခဲကို မည်သို့ ကျေနပ်အောင် လုပ်ဆောင်ခဲ့သနည်း။ သူတို့က တကယ်တော့ အခုဆို ဆေးပင်များ၏ မြေဩဇာအလုပ်ခံနေသင့်ပြီ မဟုတ်လော။ သို့သော် သူတို့က မြေအောက်ခန်းထဲမှ အကောင်းကြီး မည်သို့ အသက်ရှင်လျက် ထွက်လာနိုင်ကြသနည်း။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt