၈၉၁။ မီးတိုင်းပြည်ဘုရင့်လက်စွပ်(၂)
လေ့ချန်က တုန်လှုပ်ချောက်ချားစွာ နောက်သို့ ခြေလှမ်း အတော်များများ ဆုတ်မိသွားသည်။ သူ ကြားရသည့် အဖြစ်မှန်ကို မယုံကြည်နိုင်သဖြင့် ထိတ်လန့်အံ့ဩသွားသည်။
ငါ ရောက်လာတဲ့ အချိန်မှာ အရှင်မင်းကြီးက ဘာ့ကြောင့် ဂျန်ရှီကို ပထုတ်လိုက်သလဲ ငါ အရမ်း သိချင်သွားတာ၊ မီးတိုင်းပြည်တစ်ခုလုံးမှာ တော်ဝင်လက်စွပ်ကို မှတ်မိသူက အရှင်မင်းကြီးရယ်, မယ်တော်ကြီးရယ်အပြင်, ငါ တစ်ယောက်ပဲ ရှိလိမ့်မယ်၊ ဂျန်ရှီဝတ်ဆင်ထားတဲ့ တော်ဝင်လက်စွပ်ကို ငါ မှတ်မိသွားမှာ စိုးလို့ သူ ဒီလိုမျိုး လုပ်ခဲ့တာပဲ ဝမ်ယုက ပြောလိုက်သည်။
အာ.... ဒါဆို.... ခင်ဗျားက ဂျန်ရှီကို ထွက်သွားခိုင်းတာ.... ခင်ဗျားက.... လေ့ချန်၏ မျက်နှာက ရုတ်တရက် အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။ သူ့မျက်နှာမှာ သွေးရောင်ပင် မရှိတော့ပေ။
ဝမ်ယု ခေါင်းညိတ်ပြသည်။
နတ်ရွာစံသွားတဲ့ ဘုရင်ကြီးက ပြောခဲ့တယ်၊ မီးတိုင်းပြည်ရဲ့ တော်ဝင်လက်စွပ်ကို ပိုင်ဆိုင်ထားသူက မီးတိုင်းပြည်ရဲ့ တကယ့် အုပ်ချုပ်သူ အစစ်ပဲတဲ့၊ သူ့မျိုးဆက်က သားဖြစ်စေ, မြေးဖြစ်စေ, ဘယ်သူမဆို, တော်ဝင်လက်စွပ် ပိုင်ဆိုင်ထားသူကို တွေ့ရှိတဲ့ အချိန်မှာပဲ, သူတို့က နန်းစွန့်ပြီး လက်စွပ်ပိုင်ရှင်ကို တိုင်းပြည်အပ်နှင်းရမယ်တဲ့။
မီးတိုင်းပြည်ရဲ့ နန်းပလ္လင်ကို လက်ရှိ ဘုရင်ကြီးကို အပ်နှင်းထားတယ်လို့ ယူဆလို့ မရဘူး။ (ရန်တိုင်းပြည်ကိုပဲ မီးတိုင်းပြည်လို့ သုံးနှုံးထားတာပါ။)
သို့သော် မီးတိုင်းပြည်ကို အင်အားအတောင့်တင်းဆုံး တိုင်းပြည်ဖြစ်အောင် ဦးဆောင်တည်ထောင်ခဲ့သော ဘုရင်ကြီးက ထိုနှစ်များမှာ ကမ္ဘာမြေပြင်ပေါ်မှ လုံးလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တုန်းက ဘုရင်ကြီး၏ ညီငယ်ဖြစ်သား မင်းသားက ဘုရင်ကြီးကို ရှာဖွေဖို့ ကုန်းမြေတစ်ခွင် အနှံ့ စစ်တပ်ကို စေလွှတ်ခဲ့သည်။ သူက ဆယ်စုနှစ် တစ်ခုစာလုံး ရှာဖွေခဲ့သော်လည်း မည်သို့သော ရလဒ်မျှ ထူးမလာခဲ့ပေ။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)