၄၄၆။ "လိပ်ပြာသားရဲအမဲလိုက်ပွဲ - ၂"

529 47 1
                                    

၄၄၆။ လိပ်ပြာသားရဲအမဲလိုက်ပွဲ - ၂

ဘယ်သူ သိမှာလဲ လူငယ်များက အထင်သေးဟန်ဖြင့် ပြောနေကြသည်။ သို့သော် သူတို့စိတ်ထဲမှာကား ဂျန်ဝုရှီအား နက်နက်ရှိုင်းရှိုင်း မနာလိုခြင်း အားကျခြင်းများ ဖြစ်နေကြ၏။ အဆင့်မြင့်သော အားကျစရာကောင်းသော ဖန်ဂျင်က ဂျန်ရှီအား အလွန် ကာကွယ်ပေးလိုဟန်ဖြင့် တရစ်ဝဲဝဲ ဖြစ်နေသောကြောင့် ဖြစ်သည်။

သူတို့ ရထားလုံးထဲမှ ထွက်လာချိန်မှာ မတူကွဲပြားသော နေရာအသီးသီးမှ ကျောင်းသားတပည့်များအားလုံး၏ အကြည့်များ ရောက်လာကြသည်။ တစ်ယောက်တစ်လေကမျှ ရင်းနှီးဖော်ရွေသော အကြည့် မရှိကြချေ။ ဂျန်ဝုရှီက အနှောင့်အယှက် အဖြစ်မခံဘဲ ဖန်ဂျင်နောက်သို့ လိုက်လာပြီး မီးပုံဘေးမှာ ထိုင်လိုက်သည်။

မီးပုံဘေးမှာ ထိုင်နေသော ကျောင်းသားများက ဂျန်ဝုရှီကို တွေ့မြင်ကြလျှင် နှုတ်ခမ်းစူကုန်၏။ သူတို့မျက်နှာများက အထင်သေးဟန်များ ဖြစ်ကုန်၏။

ဖန်ဂျင်က ဒေါသကို မြိုသိပ်ထားသည်။ သို့မဟုတ်ပါက ၎င်းကျောင်းသားများကို ကောင်းကောင်းဆော်ထည့်မိမည် ဖြစ်သည်။

တစ်နေ့လုံးဆိုတော့, မင်း စားလိုက်အုံး ဖန်ဂျင်က ဂျန်ဝုရှီအား စားစရာ ထုတ်ပေးသည်။ ဂျန်ဝုရှီက တည်ငြိမ်စွာ စားသည်။ ထိုစဉ် အဆုံးမရှိ တီးတိုးစကားများ စော်ကားသော စကားများက သူမနားသို့ ရောက်ရှိလာကြသည်။

ညောင်

(ဒီလူတွေက တကယ်ပဲ ရွံစရာကောင်းလိုက်တာ။)

ဂျန်ဝုရှီက စကားတစ်ခွန်းမျှ မပြောပေ။ သို့သော် စားပြီးလျှင် ရေအနည်းငယ် သောက်၍ သူမ၏ ရထားလုံးသို့ အနားယူရန် ထပြန်သွားသည်။

ဂျန်ဝုရှီ မရှိတော့လျှင် မနာလိုခြင်း အားကျခြင်း ဖြစ်နေသော ထိုလူများက အသံကျယ်ကျယ်ဖြင့် ပြောဆိုလာကြ၏။

ဖန်ဂျင့်မျက်နှာက လူသတ်ချင်လောက်အောင် မဲမှောင်သွား၏။ ကြမ်းတမ်းပြီး မလိုမုန်းတီးသော စကားများက ဖန်ဂျင့်အနေဖြင့် နားထောင်လို့ပင် မကောင်းတော့ပေ။ သို့ပါလျက် ဂျန်ရှီအား ဘာ့ကြောင့် မသက်ရောက်သနည်း, သူ နားမလည် ဖြစ်နေသည်။ ဖန်ဂျင်က လိုအပ်တာထက် ပိုမနေလိုသဖြင့် မြန်မြန်စား၍ ရထားလုံးဆီသို့ ထပြန်သွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now