၃၁၂။ “အကြောက်တရား ပျံ့နှံ့ခြင်း -၃”
တိမ်ဖုံးတောင်ထွတ်သို့ ခေါ်ဆောင်သွားခံရသည့် တပည့်နှစ်ယောက်၏ မျက်နှာများက ကြိတ်မှိတ်သည်းခံနေရပုံရပြီး ဖြူရော်နေကြသည်။ သူတို့က တိမ်ဖုံးတောင်ထွတ် ဂိတ်တံခါးရှေ့တွင် ရပ်လိုက်သည့်အခါမှာ, သူတို့က မထိန်းချုပ်နိုင်စွာ တုန်ယင်လာကြသည်။ သနားစရာ မြင်ကွင်းပင်။
မြူထူတောင်ထွတ်မှ တပည့်များကို ရွေးချယ်ခေါ်ယူရန် ခဲချန်ဂျု အလည်လာသည့် သတင်းက တိမ်ဖုံးတောင်ထွတ်အားလုံးသို့ ပျံ့နှံ့သွားသည်။ သည်သတင်းက အကြီးအကဲများ၏ နားများသို့ ရောက်ရှိသွားကြသည်။ သို့သော် သူတို့ တုံ့ပြန်မှု များများစားစား မရှိကြချေ။
မြူထူတောင်ထွတ်က သူတို့ အကြီးအကဲကို ဆုံးရှုံးသွားသည်။ ဒါက သူတို့အတွက် မတရား နာကျင်ခံစားရမည်လို့ သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။
ဂျန်းချန်ချင်း ရှိစဉ်တုန်းက, မြူထူတောင်ထွတ် တပည့်များက သူတို့အကြီးအကဲ၏ ချင်ယွဲ့နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိတာကို အခွင့်အရေးအရယူကြပြီး မာန်ထောင်လွှားကြကာ တခြားတောင်ထွတ်မှ တပည့်များကို အကြိမ်များစွာ နှောင့်ယှက်စော်ကားခဲ့ကြသည်။
အခု ခဲချန်ဂျု၏ စိုးမိုးခြယ်လှယ်သည့် ပုံစံက ထိုအကောင်များထံ ဝဋ်ပြန်လည်လာခြင်း ဖြစ်သည့်အတွက် တိမ်ဖုံးတောင်ထွတ်က ဒါကို ထိုက်တန်သည်ဟူ၍ တခြားအကြီးအကဲများက ယူဆထားလိုက်ကြသည်။ သူတို့ အကြီးအကဲ ကွယ်လွန်သွားခြင်းကြောင့် ခဲချန်ဂျုက ရဲရဲတင်းတင်း သူတို့ကို ပစ်မှတ်ထားခြင်းသာလို့ သူတို့က မှတ်ယူထားကြသည်။
ချင်ယွဲ့က အမြဲတမ်း ခဲချန်ဂျုကို အလေးထားသည့်အတွက် တခြား အကြီးအကဲများက ဒီအကြောင်းကို အများကြီး မစဉ်းစားထားကြချေ။
တခြားတောင်ထွတ်များက သည်ကိစ္စကို ဘေးချိတ်ထားကြပြီး အေးဆေးတည်ငြိမ်နေကြသည်။ သို့သော် မြူထူတောင်ထွတ် တပည့်များက သည်ကိစ္စတစ်ခုလုံးကြောင့် ဒေါသထွက်နေကြရသည်။