၅၅၈။ မိုးကောင်းကင်အဆုံး ချောက်နက်-၅
တစ်ယောက်တည်း သွား၊ ပြီးတော့ နင့်ရုပ်သွင်ကိုပါ ပြောင်းသွားဖို့ မမေ့နဲ့ ဂျန်ဝုရှီက ဟွာယောင်းအား သတိပေးဖို့ မမေ့ပေ။
ဟဲချန်လီက သူတို့အားလုံးကို သိနေပြီ ဖြစ်သည်။ သူတို့သာ တကယ့် ဇာစ်မြစ် အစစ်အမှန်ဖြင့် နောက်တစ်ကြိမ် ပေါ်လာခဲ့လျှင်, သူတို့ အကြောင်း ကောလာဟလများ ပျံ့နှံ့သွားမှာ အသေအချာပင် ဖြစ်သည်။
မလိုအပ်သော ပြဿနာများ မဖြစ်စေဖို့ ဂျန်ဝုရှီက ဟွာယောင်းအား သတိပေးလိုက်ခြင်း ဖြစ်သည်။
ငါ ပြောင်းသွားမယ် ဟွာယောင်းက ပြောသည်။ သူက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ မည်သို့သော အသွင်ကို ပြောင်းသွားရရင် ကောင်းမလဲဟူ သူ တွေးတောနေသည်။ အခြေအနေနှင့် သင့်တော်သော အသွင် ဖြစ်သည်။
အရာအားလုံး အသင့်ပြင်ဆင်ပြီးနောက်, ဟွာယောင်းက သက်လတ်ပိုင်း လူတစ်ယောက် အသွင်သို့ ပြောင်းလိုက်သည်။ ထို့နောက် ချန်လင်း လေလံအိမ်သို့ သွား၍ ဟဲချန်လီအား ပစ္စည်းအားလုံးကို အပ်နှံခဲ့သည်။
သူ ပြန်ရောက်ချိန်က နေ့လည်စာ စားချိန် ဖြစ်သည်။ သူ့အပေါင်းအသင်းများ အားလုံး ဂျန်ဝုရှီ၏ အခန်းထဲမှာ စုဝေးနေကြသည်။ သူတို့က စကားဖြင့် ပြောစရာမလိုဘဲ အလိုက်တသိဖြင့် နေ့လည်စာ စားချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အကိုဟွာ, အကုန်လုံး ဖြေရှင်းပြီးသွားပြီလား ကျောက်ချူက ဟွာယောင်း အခန်းထဲ လျှောက်လှမ်းဝင်လာတာကို တွေ့၍ မေးသည်။ ဟွာယောင်းမျက်နှာက အပြုံးများ ဝေဆာနေသည်။
ဖန်ဇိုက အလွန် အံ့ဩသွားသည်။ မရင်းနှီးသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဝင်လာချိန်မှာ ကျောက်ချူက အကိုဟွာဟူ၍ ထိုလူ့ကို နာမည်တပ် ခေါ်လိုက်သောကြောင့် ဖြစ်သည်။
ဟွာဟောင်းက ဖန်ဇိုရှေ့မှာ ဖုံးကွယ်ဖို့ မလိုအပ်ဟူ၍ ခံစားမိ၍ သူ့လက်ကို မြှေက်၍ သူ့မျက်နှာကို အနည်းငယ် ကာလိုက်သည်။ သူ့အရေပြားအောက်ရှိ အရိုးများက ဆွဲဆောင်အားကောင်းသော ချောမောသည့် လူငယ်အသွင်သို့ ပြန်ပြောင်းသွားလေ၏။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)