၆၆၀။ ချောက်နက်အောက်ခြေသို့ (၁)

425 40 0
                                    

၆၆၀။ ချောက်နက်အောက်ခြေသို့ (၁)

ဆယ်မီတာမျှလောက်သာ ဆင်းရသေးသော်လည်း နေမင်းကို မော်ကြည့်လျှင်ပင် အလင်းရောင်ကို ပျပျသာ မြင်ရတော့သည်။ ချောက်နက်အောက်ခြေမှာဆိုလျှင် အလင်းရောင် တစိုးတစိမျှ ရှိမှာ မဟုတ်ကြောင်း သိသာလွန်းသည်။

ဂျန်ဝုရှီက အတွေးများကို ဖယ်ထုတ်လိုက်ပြီး ဂရုတစိုက်ဖြင့် အောက်ဆင်းဖို့သာ အာရုံစိုက်လိုက်သည်။

အောက်သို့ ဆင်းခြင်းက အလွန်ကြာညောင်းမည် ဖြစ်သည်။ ထို့ကြောင့် ဂျန်ဝုရှီနှင့် သူမအဖွဲ့သားများက မဆင်းခင်ကတည်းက ကြိုတင်ကာကွယ်သောအားဖြင့် သူတို့ ခါးမှာ ကြိုးများကို ခွေပတ်ထားခဲ့သည်။

ချောက်နက်ထဲ ဆင်းခြင်းက နှေးကွေးပြီး ငြီးငွေ့ဖွယ် ကောင်းသည်။ သို့သော် သူတို့ မည်သူမျှ ခဏလေးပင် စိတ်အေးလက်အေး မနေနိုင်ကြပေ။ သူတို့ ကိုင်ဆွဲထားသော ကြိုးစက သူတို့ အသက်အတွက် ထောက်တည်မှီခိုစရာ တစ်ခုတည်းသာ ဖြစ်သည်။ အနည်းငယ် ချွတ်ချော်သွားသည်နှင့် ချောက်နက်ထဲ သူတို့ ပြုတ်ကျသွားနိုင်ပြီး အသူတရာနက်သော ချောက်နက်နှင့် ဝင်ဆောင့်မိပြီး အစိတ်အပေါင်းများစွာ ဖြစ်သွားနိုင်သည်။

ထူထဲသော မြူထုက လွှမ်းခြုံထားသဖြင့် သူတို့၏ ဆုပ်ကိုင်ထားခြင်းက အချိန်ကြာလာသည်နှင့် အမျှ ပုံပျက်ပန်းပျက် ဖြစ်လာရသည်။ သူတို့ အားလုံး၏ ပတ်ပတ်လည်မှာ သူတို့ မြင်ရသည်က အမြင်အာရုံ ဖုံးကွယ်ထားသော ဖြူဖွေး၍ ငြီးငွေးဖွယ်ကောင်းပြီး မပြောင်းလဲသော မြူခိုးမြူငွေ့သာ ဖြစ်သည်။ သူတို့ အောက်သို့ ပိုဆင်းမိလေလေ, အပူချိန်က ပိုမို၍ ကျဆင်းသွားလေလေ ဖြစ်လာသည်။ သူတို့ ရွေ့လျားနေတာတောင် ဟုတ်ရဲ့လားဟူ၍ ခံစားလာရသည်။

ဂျန်ဝုရှီက ပြန်လည် အာရုံစိုက်လိုက်သည်။ ရှည်ကြာ၍ ငြီးငွေ့ဖွယ်ကောင်းသော ဆင်းသက်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။

ဒီဆင်းသက်ခြင်းကို သူမ၏ အရင်ဘဝမှ အားအင်ဖြင့်ဆိုလျှင် သူမ အခုထိ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သို့သော် သူမ ပြန်လည် မွေးဖွားပြီးနောက်, သူမ၏ ဝိညာဉ်စွမ်းအားများ တိုးတက်လာခဲ့သည်။ အောက်သို့ ဆင်းသက်နေသည့် တောက်လျှောက် သူမ၏ ထိုဝိညာဉ်စွမ်းအားများက ခန္ဓာကိုယ် ပင်ပန်းဆုတ်ယုတ်ခြင်းကို အကြီးအကျယ် လျှော့ချပေးသွားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now