၅၂၈။ ရုတ်တရက် ဖော်ရွေလာခြင်း-၃
အကိုကြီးဇို... သူက... နင်ရှင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူမက ဂျန်ရှီကို ကြည့်လျက် အံ့အားသင့်ဟန် ဆောင်လိုက်သည်။
သူက ဂျန်ရှီ ဖန်ဇိုက တုံးတိတိ ပြောသည်။
ဒါက အပေါ်ယံအားဖြင့် ဂျန်ရှီ့ကို နင်ရှင်းနှင့် မိတ်ဆက် မပေးလိုခြင်းပင် ဖြစ်သည်။
သို့သော်ငြား နင်ရှင်းက ဖော်ရွေဟန်ဖြင့် သူမဘာသာ ရှေ့တက်လာ၍ ဟန်ဆောင်အပြုံးကို ပီပြင်အောင် ပြုံး၍ ပြောသည် ဒါဆို နင်က ဂျန်ရှီပေါ့၊ တစ်ယောက်ယောက်က အကိုကြီးဇိုနဲ့ အတူတူ နေတယ်လို့ ငါ ကြားထားတာ၊ ငါက အတော်လေး သိချင်စိတ် ပေါက်နေခဲ့တာ၊ အကိုကြီးဇိုက မိတ်ဆွေဖြစ်ဖို့ ရွေးချယ်လိုက်တဲ့သူ ဘယ်သူဖြစ်ဖြစ် လူကောင်းဆိုတာကို ငါ တွေးမိတယ်၊ သံသယဖြစ်စရာ မလိုဘူး၊ အခု မြင်လိုက်ရတော့ ငါ့အတွေးက မှန်တယ်လို့ အတည်ပြုလိုက်ပြီ။
နင်ရှင်း၏ လေသံက နူးညံ့ပြီး လှုပ်ရှားစေနိုင်သည်။ သူမ၏ အပြုံးက နွေးထွေးပြီး စစ်မှန်သည်ဟု မှတ်ထင်စေသည်။
သို့သော်လည်း ဂျန်ဝုရှီက တုန်လှုပ်ခြင်းမရှိဘဲ ဗြောင်ကျကျ ပြန်ပြောသည် ဒါဆို အမကြီးနင်က ကန်းနေတာပဲ ဖြစ်ရမယ်။
သူမက ကောင်းမွန်သော သဘောထားရှိသူလော။
ဟုတ်ပါပြီ။
နင်ရှင်း မျက်နှာမှ အပြုံးက တောင့်တင်းသွားသည်။ ဂျန်ရှီက ပထမဆုံးစကားမှာတင် ဗြောင်ကျကျ ပြောမည်ဟု သူမ ထင်မှတ်မထားပေ။
နင်ရှင်း၏ ဂွတီးဂွကျ အကျပ်အတည်းကို ဖန်ဇိုက သတိပြုမိဟန် မတူဘဲ သာမန်အားဖြင့် ပြောသည် ရှီလေးရဲ့ ပင်ကိုယ်ဗီဇက အေးစက်စက်နိုင်တယ်၊ လူတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး မနေတတ်ဘူး၊ ရှင်းလေး ဒါကို ဗွေမယူဖို့ ငါ မျှော်လင့်တယ်။
ဒီနည်းလမ်းက သူမ၏ အကျပ်အတည်းကို ဖြေရှင်းပစ်သလိုလို ဖြစ်သော်လည်း တကယ်တော့ သူက ဂျန်ရှီနှင့် အချိတ်အဆက်မိမိ လုပ်ယူပြီး နင်ရှင်းမျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာ ဖြစ်သည်။