၆၃၄။ ချန်လင်းမြို့သို့ နောက်တစ်ခေါက် (၄)
ဂျန်ဝုရှီ၏ အင်အားသုံး နည်းလမ်းကို ကိုယ်တိုင် တွေ့လိုက်ရသဖြင့် ကျောက်ချူ မြေပြင်ပေါ်သို့ လဲကျလုလု ဖြစ်သွားရသည်။
ဂျန်ဝုရှီက မည်သူ့ကိုပဲ ကယ်ကယ်, မည်သူ့ကိုပဲ ကူညီကူညီ, သူမနည်းလမ်းက အမြဲတမ်း စိုးမိုးခြယ်လှယ်လွန်းအားကြီးသည်။ သူမအကူအညီကို လက်ခံရရှိသူက မကြုံဖူးထားလျှင်ဖြစ်စေ, စိတ်အင်အားချို့တဲ့လျှင် ဖြစ်စေ, သူမ၏ ရည်ရွယ်ချက်ကို အထင်လွဲမှားသွားနိုင်ပြီး သူမအား မုန်းပင် မုန်းသွားနိုင်သည်။
သ...သခင်လေး...ဂျန်... ဘာ ပြောလိုက်တာပါလဲ... ပိုက်ဆံအိတ် ကိုင်ထားသော မုကွိုင်ဖန်၏ လက်များက သိသာစွာ တုန်ယင်နေသည်။ သူ့ဦးနှောက်က လုံးလုံး ဗလာဖြစ်သွားသည်။
ကျုပ် မျိုးရိုးနာမည်က ဂျန် ဂျန်ဝုရှီက မုကွိုင်ဖန်ကို စိုက်ကြည့်လျက် တုံးတိတိ ပြောသည်။
ထိုအခိုက်မှာ မုကွိုင်ဖန်က သဘောပေါက်သွားသဖြင့် သူ့စိတ် ရှင်းလင်းသွားသည်။
ရူလင်းစစ်တပ်က လင်းအိမ်တော်သခင်, ဂျန်မိသားစု၏ လက်ထဲမှာ ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
(ဂျန်ရှီ၏ မျိုးရိုးနာမည်က ဂျန်, သူက လင်းအိမ်တော်ကို သွားရောက် သတင်းပို့ရန် သူ့အား ပြောထားသည်။)
(ဒါ သက်သက်ပြောနေတာ မဟုတ်ဘူးမို့လား...)
သခင်လေး ဂျန်, ခင်ဗျား တကယ် ပြောနေတာလား... မုကွိုင်ဖန်က တုန်တုန်ယင်ယင်ဖြင့် မေးသည်။ သူ့နှလုံးသားက မယုံကြည်နိုင်ခြင်းများ ပြည့်နှက်လို့နေသည်။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
ရူလင်းစစ်တပ်က သစ္စာစောင့်သိသူတွေကိုသာ လက်ခံတယ်။
မုကွိုင်ဖန်၏ မိတ်ဆွေများအပေါ် သစ္စာရှိခြင်း လှုပ်ရှားယိမ်းယိုင်မှု မရှိခြင်းက ရူလင်းစစ်တပ်နှင့် ချိတ်ဆက်ရန် အရည်အသွေး ပြည့်မီကြောင်း ဂျန်ဝုရှီအား သက်သေခံနေသည်။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်လည်ရောက်ရှိလာနိုင်ခြင်းက သူ့စွမ်းရည်က သာမန်ထက် ပိုနေကြောင်း သက်သေခံဖြစ်သည်။ ထို့ပြင် သူမ အားစိုက်ထုတ် ကယ်တင်ထားသော လူတစ်ယောက်ကို ဒီလိုမျိုး စုတ်စုတ်ချာချာ ဘဝမှာ မနေစေချင်တာလည်း ပါဝင်သည်။
