၈၃၅။ စတုတ္ထမင်းသားလေး (၂)
လေ့ဖန်က နန်းတော်အတွင်းမှာသာ နေထိုင်လေ့ရှိပြီး အပြင်ထွက်ခဲလှသည်။ သူ အပြင်ထွက်ချိန်မှာ ကနေ့လို နန်းတော်အစောင့်များ လိုက်ပါစောင့်ရှောက် ပေးရသည်။
ဂျန်ဝုရှီက လက်ပိုက်ထားသည်။ သူမပတ်ဝန်းကျင်ရှိ လူငယ်များက ဆူညံပွက်လောရိုက်နေသော်ငြား သူမ မည်သို့မျှ သက်ရောက်ဟန်မရဘဲ ရုတ်တရက် ပေါ်ပေါက်လာသော လေ့ဖန်ကို သူမက စေ့စေ့စပ်စပ် လေ့လာအကဲခတ်နေလိုက်သည်။ လိပ်ပြာတိုက်ပွဲ စတင်သည်မှ ယနေ့တိုင်အောင်, စတုတ္ထမင်းသားလေးက တိုက်ပွဲသို့ တစ်ခါမျှ မလာခဲ့ဖူးပေ။ ပြိုင်ပွဲဝင်များအားလုံးကို ဖိတ်မံ၍ ကျွေးမွေးဧည့်ခံသော လေ့ချန်၏ ညစာစားပွဲသို့ပင် မလာရောက်ခဲ့ပေ။ တစ်ခါမျှ မပေါ်လာခဲ့ဖူးသော လေ့ဖန်၏ ကနေ့ ရုတ်တရက် ပေါ်လာခြင်းက လူများအား အံ့အားသင့်စေသည်။
ပထမတိုက်ပွဲကွင်းပြင်တွင် တာဝန်ယူရသော လူကြီးက အရေးကြီး ဧည့်သည်ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာလေ၏။ စတုတ္ထမင်းသားလေးကို ဘုရင်ကြီး အလွန် ချစ်မြတ်နိုးကြောင်း လူတိုင်း သိထားကြသည်။ ဘုရင်ကြီးက အိမ်ရှေ့စံဖြစ်သော လေ့ချန်ထက်ပင် ပိုမို၍ စတုတ္ထမင်းသားလေးကို အာရုံစိုက်ထားသည်။
အရှင့်သား ရောက်လာတာကို ကျနော်မျိုး မသိလိုက်လို့ ကြိုဆိုတာ နောက်ကျသွားရပါတယ်၊ အရှင့်သား ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ ထိုလူက စိုးရိမ်ပူပန်စွာ ပြောသည်။
လေ့ဖန်၏ မွေးရာပါ အပြုံးမျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ နည်းနည်းလေးပင် သူ့ကို စော်ကားလို့ ရမည့်ပုံ မပေါ်ပေ။ သို့သော် သူက ယောင်တိယောင်ချာ ကလေးငယ်လို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လူကြီးမင်းက အရမ်း အားနာနေတာပဲ၊ ကျုပ်က ပတ်ကြည့်ရင်း ဒီရောက်လာတာပါ၊ လူကြီးမင်း လုပ်စရာရှိတာသာ ဆက်လုပ်လိုက်ပါ၊ ကျုပ်ကြောင့် အနှောင့်အယှက် မဖြစ်ပါစေနဲ့လား။
ထိုလူကြီးက အဆောတလျက် ခေါင်းညိတ်ပြလိုက်သည်။
လေ့ဖန်၏ လူများအား ပေးအပ်သည့် ခံစားချက်က လေ့ချန်နှင့် လုံးလုံး ကွဲပြားသည်။