၈၉၇။ လုပ်ကြံသတ်ဖြတ်ခြင်း(၃)

189 16 0
                                    

၈၉၇။ လုပ်ကြံသတ်ဖြတ်ခြင်း(၃)

ဂျန်ဝုရှီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူမမျက်လုံးများမှာ ထိတ်လန့်ကြောက်ရွံ့ခြင်း နည်းနည်းလေးပင် ရောစွက်မနေပေ။ ဓားဖျားများက သူမခန္ဓာကိုယ်ကို ထိုးစိုက်မိခါနီးမှာ သူမက လက်မြှောက်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည် နင် သေချာလား။

ခေါင်းဆောင်က လန့်သွားသည်။ လူငယ်က ဒီလောက် အသဲအသန် အခြေအနေမှာပင် ဘာလို့ ဒီလောက် အေးဆေးတည်ငြိမ်နေမှန်း သူ နားမလည်ချေ။

ဓားနှစ်လက်က သူမအား ထိုးဖောက်ဝင်ရောက်ခါနီးလေးမှာ, အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက ဂျန်ဝုရှီ၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းပုံရိပ်က ဓားနှစ်လက်ကို သူ့လက်ချောင်းနှစ်ချောင်းမျှဖြင့် တစ်ဖက်စီ ဖမ်းကိုင်ထားလိုက်သည်။ ဓားများက ရှေ့သို့ တစ်လက်မမျှပင် မရွေ့တော့ပေ။

ရုတ်တရက်ပေါ်လာသော မျက်နှာကြောတင်းတင်း လူကို ခေါင်းဆောင်က စိုက်ကြည့်လိုက်သည်။ သူတို့ အခန်းထဲ ဝင်ရောက်လာချိန်မှာ မည်သူမျှ မရှိကြောင်း သူတို့ သေချာသည်။ ပြူတင်းပေါက်များကိုလည်း သေသေချာချာ ပိတ်ထားတုန်းပင်။ ဒီလူက ဘယ်ကနေ ပေါ်လာရသနည်း။

သင့်လက်အောက်ငယ်သားက အရောက် နောက်ကျသွားပါတယ်၊ သခင်မလေး, တစ်ယောက်လောက် ချန်ထားချင်ပါသလား ယဲ့ရှက ထိုလူများကို အေးစက်စက် ကြည့်လျက် မေးလိုက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်လိုရပ်များ ယှက်သန်းနေသည်။

သူက လွဲလို့ ကျန်တဲ့ လူ အကုန်လုံး သုတ်သင်ပစ်လိုက် ဂျန်ဝုရှီက ခေါင်းဆောင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ဟုတ်ကဲ့ပါ ယဲ့ရှက ချက်ချင်း ပြန်ဖြေသည်။

ခေါင်းဆောင်က ချက်ချင်း ပျာယာခတ်သွားသည်။ ယဲ့ရှ၏ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် သူ့ဒေါသက ကျိုးပျက်သွားသည်။ သို့သော် သူက လျင်မြန်စွာ သတိထိန်း၍ ချက်ချင်း ပြောလိုက်သည်။ အကုန်လုံး သတ်။

ချက်ချင်းပင် လူကိုးယောက်က ယဲ့ရှထံ ခုန်ဝင်လာကြသည်။ ဂျန်ဝုရှီကို ယဲ့ရှက လုံခြုံသော အနေအထားမှာ ထားထားသည်။ ထိုလူများ မည်သို့ပင် ကြိုးစားပါစေ, ယဲ့ရှတစ်ယောက်တည်းကိုပင် မနှိမ်နင်းနိုင်ကြချေ။ ဂျန်ဝုရှီကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သည့် အနေအထား ဖြစ်သွားသည်။ အနားသို့ပင် မကပ်နိုင်ကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now