၅၉၅။ ၇ခုမြောက် ရိုက်ချက်-၂
ငတုံးကျောက်နဲ့ တခြားသူတွေကို မနက်ဖြန် ဒီလာခဲ့ဖို့ ဖန်ဂျင်နဲ့ ပြောခိုင်းလိုက်၊ နင် သိချင်တာ ရှိရင်လည်း, သူတို့ကို မေးနိုင်တယ်။ ဂျန်ဝုရှီက သူမအတွက် လက်ဖက်ရည်ငှဲ့ရင်း ပြောသည်။
မင်း ပြောချင်တာက ရူလင်းစစ်တပ်အကြောင်းလား ဖန်ဇို မေးသည်။ သူ့မျက်နှာက စပ်စုလိုဟန်ပေါ်လွင်နေသည်။ ဂျန်ရှီနှင့် ရူလင်းစစ်တပ် ပတ်သက်နေသည့်အကြောင်းကို ဖန်ဇို အစောပိုင်းက မေးခဲ့ဖူးသည်။ သို့သော် ကောင်စုတ်လေးက ဖြေရှင်းပြဖို့ အတော် ပျင်းရိနေပြီး တခြားလူအပေါ် လွှဲချခဲ့သည်။
ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။
ဖန်ဇိုက ဂျန်ဝုရှီကို မမှိတ်မသုန် ကြည့်လိုက်သည်။ သူက အပြင်ပန်းအားဖြင့် စဉ်းစားနေဟန်အပြည့်ဖြင့် မေးသည် ရူလင်းစစ်တပ်က မနက်ဖြန် ရောက်လာမယ်, ဟုတ်တယ်မို့လား။
အင်း ဂျန်ဝုရှီ နောက်တစ်ကြိမ် ခေါင်းညိတ်ပြသည်။
ဖန်ဇို့နှုတ်ခမ်းများက အနည်းငယ် ကော့တက်သွားသည်။ ရူလင်းစစ်တပ်က မနက်ဖြန် ရောက်လာမည်။ ဂျန်ရှီက သူ ခဏထွက်သွားရအုံးမည်ဟု သူ့အား ပြောထားသည်။ အပေါ်ယံအားဖြင့် အဖြစ်အပျက်နှစ်ခုက တသီးတခြား ဖြစ်ဟန်ရသည်။ သို့သော် ထိုနှစ်ခုကြားမှာ မလွဲမသွေ ချိတ်ဆက်နေရမည်ဟု ဖန်ဇို တွေးမိသည်။
သို့သော်ငြား ဂျန်ဝုရှီက ဖန်ဇိုအား နည်းနည်းလေးမျှ ဖြေရှင်းပြဖို့ စိတ်မဝင်စားချေ။ ဖန်ဇိုအား နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက်, သူမ အမြန်အဆန် ထွက်ခွာသွားလေ၏။
ချီတိုင်းပြည်မှ လေညင်းကျောင်းတော်သို့ ခရီးအကွာဝေးက အလွန်ကြီး ဝေးကွာနေသည် မဟုတ်ပေ။ လမ်းမကြီးအတိုင်း သွားလျှင် ဖြောင့်ဖြူးနေသည်။
လောင်ချီက ရူလင်းစစ်တပ်ကို ဦးစီး၍ ခေါ်လာသည်။ စစ်တပ်က ကြီးကျယ်ခမ်းနားစွာ တန်းစီ၍ ကျယ်ပြောသော လမ်းမကြီး တောက်လျှောက် ဖြတ်ကျော်သွားသည်။ သန်မာတောင့်တင်းသော စစ်သုံး မြင်းများပေါ်ရှိ စစ်သားများ၏ ငွေရောင်ချပ်ဝတ်များက တဖျတ်ဖျတ် လင်းလက်နေသည်။ စစ်ရေးစိတ်ဓာတ်ဖြင့် တင်းမာခက်ထန်နေသော ၎င်းစစ်သားများမှ အံ့မခန်း ခမ်းနားထည်ဝါသော အရှိန်အဟုန်က ပတ်ဝန်းကျင်သို့ စိမ့်ထွက်နေသဖြင့် လမ်းမပေါ်ရှိ လူများက သူတို့နှင့် ဝေးရာသို့ စိုးရိမ်တကြီး ပြေးလွှားဖယ်ရှားပေးကြသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)