၅၉၉။ ၇ခုမြောက် ရိုက်ချက်-၆

516 55 0
                                    

၅၉၉။ ၇ခုမြောက် ရိုက်ချက်-၆

နင်ရှင်း၏ စကားကို ကြားပြီးနောက် ယင်ယန် အနည်းငယ် အသက်ရှူချောင်သွားသည်။ သူက အခုထိ အနည်းငယ် အားနည်းနေသော နင်ရှင်းကို ဂရုတစိုက်ဖြင့် ဖေးမပေးပြီး လူအုပ်ကြားတွင် သူတို့ ရိုရိုကျိုးကျိုး ရပ်လိုက်ကြသည်။

အဲကောင်မလေးက ဘယ်သူလဲ နင်ရှင်းက လောင်ချီဘေးတွင် ရပ်နေသော ဂျန်ဝုရှီကို ကြည့်လျက် မေးလိုက်သည်။

ဂျန်ဝုရှီ၏ ပြစ်ချက်ကင်းစင်သော မျက်နှာနှင့် ပြိုင်ဘက်ကင်းသော အလှတရားက ဂျန်ဝုရှီကို မြင်မြင်ချင်း နင်ရှင်း၏ မျက်လုံးများကို ချက်ချင်း စူးအောင့်သွားစေသည်။

နင်ရှင်းက သူမ၏ ရုပ်သွင်ကို အမြဲတမ်း ဂုဏ်ယူဝံ့ကြွားခဲ့သည်။ သို့သော် ဂျန်ဝုရှီ၏ ရှေ့မှာတော့ သူမ၏ ရုပ်သွင်က ညံ့ဖျင်းလွန်းလှသည်။

ရုပ်သွင်နှင့် ကျက်သရေရှိခြင်း။ ဒီနှစ်မျိုးလုံးမှာ ဂျန်ဝုရှီက နင်ရှင်းထက် မြင့်မားလွန်းသည်။

သို့သော်ငြား ယင်ယန်က ခေါင်းယမ်းပြသည်။ သူ အရင်က ဂျန်ဝုရှီကို မမြင်ဖူးခဲ့ပေ။

ဒီလူကြီးမင်းက ကျုပ်တို့ လေညင်းကျောင်းတော်ရဲ့ လက်ထောက် ကျောင်းအုပ်ကြီး နင်ရူ ဖြစ်ပါတယ်။ ဖန်ချီက နင်ရူကို လူအုပ်ကြားမှ ဆွဲထုတ်လာပြီး ကသိကအောက် ရယ်လျက် ဂျန်ဝုရှီနှင့် လောင်ချီကို နင်ရူနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် နင်ရူကို ပြောသည် ဒီနှစ်ယောက်က ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေ ဖြစ်တယ်၊ ဒီလူကြီးမင်းက ရူလင်းစစ်တပ်ရဲ့ ဗိုလ်ချုပ် လောင်ချီ ဖြစ်ပြီး, ဒီအမျိုးသမီးလေးကတော့ လင်းအိမ်တော် သခင်မလေး ဂျန်ဝုရှီ ဖြစ်တယ်။

နင်ရူက စိတ်ထဲမှ တုန်လှုပ်သွားသည်။ သူက တုန်လှုပ်ဟန်ကို လျင်မြန်စွာ ကွယ်ဝှက်၍ ပြန်လည်၍ နှုတ်ဆက်သည်။

ဖန်ချီ၏ မိတ်ဆက်ပေးမှုက လူတစ်ယောက်ချင်းစီ၏ မျက်လုံးများကို အထိတ်တလန့်ဖြင့် ပြူးကျယ်သွားစေသည်။

ဖန်ဂျင်က သူ ဆင့်ခေါ်ခံရချိန်မှာ, အမူးပြေခါစသာ ရှိသေးသည်။ သူ့ခေါင်းက မူးတူးတူး ရီဝေဝေ ဖြစ်နေတုန်းပင်။ သူက အနည်းငယ်သော အသိစိတ်ဖြင့် ဒီနေရာသို့ ဆွဲခေါ်ခံလိုက်ရသည်။ ဖြစ်ပျက်နေတာကို စဉ်းစားမိရုံရှိချိန်မှာ လင်းအိမ်တော် သခင်မလေး ဂျန်ဝုရှီဟူသော စကားနှစ်ခွန်းကိုသာ သူ ကြားလိုက်ရသည်။ ထိုစကားနှစ်ခွန်းက သူ့ကို ထိတ်လန့်သွားစေပြီး ခေါင်းမော့၍ လောင်ချီဘေးရှိ မိန်းမငယ်လေးကို လှမ်းကြည့်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now