၄၀၉။ "အသရေဖျက်မှု - ၁"

575 42 0
                                    

၄၀၉။ အသရေဖျက်မှု - ၁

ထိုစကားလုံးများကပင် ဂျန်ဝုရှီအပေါ် မျက်စိမုန်တိုင်း တိုက်ခတ်သွားစေခဲ့သည်။

မေ့လိုက်တော့, ဒါ့ထက် ပိုပြီး တဖျစ်တောက်တောက် ပြောစရာ မလိုပါဘူး၊ ငါ ဒီကိစ္စကို စိတ်ထဲ မထားဘူး။ လီဇီမုက သဘောထားကောင်းဟန်ဖြင့် ရင်ဘတ်ဖိကာ ပြောသည်။ သို့သော် သူ့မျက်နှာအမူအရာကတော့ ရိုးသားပုံ ပေါ်မနေပေ။ သူက လူအုပ်ကြီး နှစ်သိမ့်ပေးမှာကို စောင့်ဆိုင်းနေသည်။

ဇီမု,,, မင်းက သဘောထားကောင်းတာကိုး၊ တစ်ယောက်ယောက်က ဝိညာဉ်ကုစားဌာနမှာ မင့်နေရာ ခိုးယူသွားတာကို မင်းက ခွင့်ပြုခါနီးအထိ ဖြစ်သွားခဲ့တယ်လေကွာ ဝိုင်းရံနေသည့် လူငယ်များက လီဇီမုကို မြှောက်ပင့်ကြသည်။ သူတို့က သူ့အား မနာလိုတာက အမှန်ပင် ဖြစ်သည်။ သို့သော် ဝိညာဉ်ကုစားဌာနသို့ ဝင်ပေါက်ကို သူတို့ သိကြသည်။ နောက်နောင် သူတို့ အတွက် ဝင်ထွက်ခွင့်ရမည့် အခွင့်အရေး ဖြစ်သည်။

လီဇီမု၏ ပင်ကိုယ်ဗီဇက လူမူဆက်ဆံရေး ကောင်းခြင်း ဖြစ်သည်။ လူများကို လိုက်လျောပေးတတ်သည်။ သက်တူရွယ်တူများနှင့် အတူတူ နေတတ်သည်။ အေးစက်ပြီး ပေါင်းသင်းဆက်ဆံရမလွယ်ကူသော ဂျန်ဝုရှီနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဂျန်ဝုရှီအား လူများက နီးစပ်လိုကြသော်လည်း သူမက သူတို့အား တုံ့ပြန်မှု နည်းနည်းလေးပင် မရှိခဲ့ချေ။

လချီးတဲ့မှ... ငါတို့နဲ့ အတူတူ ဝင်ခွင့်ရတဲ့ ကောင်က ဒီလိုမျိုးလို့ ငါ ထင်တောင် မထင်မိဘူးကွာ၊ ဆရာက ငါ့ကို လာမခေါ်ရင်, ငါ မင်းတို့နဲ့ အတူတူ သားရဲဝိညာဉ်ဌာနမှာ အေးအေးဆေးဆေးပဲ နေဖြစ်မှာ။ လီဇီမုက သက်ပြင်းလေးကြီး ချ၍ ဆက်ပြောသည်။

၎င်းစကားများကို သူက ပေါ့ပေါ့ပါးပါး ပြောသော်လည်း, တခြားတပည့်များက အတွေးတစ်မျိုး ပေါက်သွားကြသည်။

ဂူလီရှန်က အမှားကိုသာ မပြင်ဆင်ပေးခဲ့လျှင်, ဂျန်ရှီက လီဇီမုနေရာကို အခန့်သား ခိုးယူသွားနိုင်သည် မဟုတ်လော။ လေညင်းကျောင်းတော်သို့ ဝင်ခွင့်တင်သွင်း သူများက ဝိညာဉ်ကုစားဌာနသို့ ဝင်ရောက်ခွင့်ရရန် အသည်းအသန် လိုလား နေကြသည်။ အယောင်ဆောင်တစ်ယောက်က ရှားပါးအခွင့်အရေးကို သိမ်းကျုံး ယူသွားလျှင်, လူတိုင်းလူတိုင်းကို ဒေါသထွက်စေမည် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora