၉၀၄။ နန်းစောင့်တပ်(၁)
ဖေးယန်က အကြာကြီး စဉ်းစားပါသော်လည်း သူ စုဆောင်းထားသည့် သတင်းအချက်အလက်များမှ မည်သည့် အချက်အလက်နှင့်မျှ ချိတ်ဆက်လို့ မရပေ။ ထိုမျှလောက် ရှည်ကြာသော ကာလမှ မီးတိုင်းပြည်၏ သတင်းအချက်အလက်ကို သူ စစ်ဆေးခြင်းငှာ မစွမ်းသာချေ။ သူ ရရှိထားသည့် အချက်အလက်များက လုံးလုံး မပြည့်စုံချေ။ အရင်တုန်းက ပျောက်ရှသွားသော ဘုရင်ကြီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိအောင် စွမ်းဆောင်ခြင်းက အရမ်းကြီးကျယ်သွားချေပြီ။
သူတို့ ဆက်လက်၍ ဆွေးနွေးနေစဉ်, မိုးစင်စင် လင်းလာသည်။ ဘုရင့်နေပြည်တော်က နိုးထလာပြီး ပုံမှန်အတိုင်း လူများဖြင့် ပျားပန်းခတ်လာသည်။ တည်းခိုအိမ်ပိုင်ရှင်က ဒီလုပ်ကြံသတ်ဖြတ်မှုကို ဘုရင့်နေပြည်တော် အုပ်ချုပ်ရေးအဖွဲ့အား သတင်းပို့မည်လား မပို့ဘူးလားဟူ၍ မေးလာချိန်မှာ, ဂျန်ဝုရှီက ခပ်ပြတ်ပြတ် ငြင်းဆိုလိုက်သည်။
ယဲ့ရှက အရိုးမီးတောက်ဖြင့် အလောင်းကောင်များကို ဘာမျှ မကျန်ရစ်ရအောင် မီးလောင်ပြာချလိုက်သည်။
လက်စွပ်နောက်ကွယ်တွင် မည်သို့သော လျှို့ဝှက်ချက် ရှိနေပါစေ, အခု သေချာနေတာက လေ့ဖန်နှင့် ဘုရင်ကြီးက သူ့ကို သတ်ဖြတ်ဖို့ ရှာကြံနေခြင်း ဖြစ်သည်။ သူတို့ ဒီတစ်ကြိမ် ရှုံးနိမ့်သွားသော်လည်း, နောက်တစ်ကြိမ် ကြိုးစားလာမှာ အသေအချာပင်။
သို့သော်ငြား လေ့ဖန်နှင့် ပတ်သက်သော ကိစ္စကို မည်သို့ စီမံရမလဲဆိုတာကို သူတို့ စဉ်းစားနေတုန်းမှာပင်, ဝတ်စုံပြည့် ဝတ်ဆင်ထားသော စစ်သားများက နေပြည်တော် လမ်းမကြီးအတိုင်း ထာဝရအမိုးခုံး တည်းခိုအိမ်သို့ တိုက်ရိုက် ဦးတည်လာကြသည်။
ဘာဖြစ်နေတာလဲ ထာဝရအမိုးခုံးတည်းခိုအိမ်၏ အပြင်ဘက်တွင် ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တည်းခိုအိမ်အတွင်းမှာ စကားပြောနေကြသည့် အုပ်စုက အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို သတိပြုမိသွားကြသည်။ ကျောက်ချူက ချက်ချင်းပင် ပြူတင်းတံခါးကို အသာဟ၍ ထာဝရအမိုးခုံးတည်းခိုအိမ်တစ်ခုလုံးကို ကြည့်လိုက်လျှင်, စစ်တပ်ကြီးက တည်းခိုအိမ်အား ထူထပ်သိပ်သည်းစွာ ဝိုင်းရံထားတာကို တွေ့လိုက်သည်။