၇၇၁။ ကိုယ်စီအတွေး (၁)

332 29 0
                                    

၇၇၁။ ကိုယ်စီအတွေး (၁)

လေ့ချန်က ထာဝရအမိုးခုံးတည်းခိုအိမ်၏ ပထမထပ်တွင် ဖန်ဂျင်နှင့် စကားပြောလျက် ထိုင်နေသည်။ ဂျန်ဝုရှီတို့ ဆင်းလာချိန်မှာ သူက တောက်ပြောင်စွာ ဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်မှာ ဖြောင့်ဖြောင့်မတ်မတ် ထိုင်နေတာကို တွေ့မြင်လိုက်ရသည်။ သူ့မျက်နှာမှာ ယဉ်ကျေးပျူငှာ၍ နူးညံ့သော အပြုံးက တွဲခိုနေသည်။ မျှမျှတတ ပြောရလျှင် လေ့ချန်၏ ရုပ်ရည်သွင်ပြင်က အတော်လေး ချောမောပြီး ဆွဲဆောင်အားကောင်းသည်။ သို့သော် နည်းနည်းလေးမျှ ပေါ့တန်မှုလည်း မရှိသလို, ရန်လိုမှုလည်း မပါဝင်ပေ။ လူများအား သန့်စင်စေသလို ခံစားရစေပြီး အလွန် ရင်နှီးခင်မင်နှစ်လိုဖွယ် စိတ်ကို ဖြစ်ပေါ်စေသည်။

ဖန်ဂျင်က ဂျန်ဝုရှီတို့ လျှောက်လှမ်းဝင်ရောက်လာတာကို တွေ့မြင်ရလျှင် ချက်ချင်းပင် ထရပ်၍ အပြုံးဖြင့် ပြောသည် ဒီလူကြီးက ရန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံ, အရှင့်သားလေ့ချန်ပါ။

လေ့ချန်က မတ်တပ်ရပ်၍ သူတို့အားလုံးကို ခေါင်းညိတ်ပြသည်။ သူ့အမူအရာက နူးညံ့ချိုသာသည်။

ကျောက်ချူတို့က သူ့အား ဝတ်ကျေတန်းကျေ နှုတ်ဆက်၍ တစ်ဖက်တစ်ချက်ရှိ ထိုင်ခုံများမှာ ဝင်ထိုင်လျက် လေ့ချန်အား စူးစမ်းလေ့လာကြသည်။

လေ့ချန်က ရန်တိုင်းပြည်တွင် ဂုဏ်သတင်းမွှေးပျံ့သူ ဖြစ်သည်။ ယဉ်ကျေးပျူငှာ၍ ထောက်ထားငဲ့ညှာတတ်သူ ဖြစ်ပြီး ပါရမီကောင်းသူလည်း ဖြစ်သည်။ လေ့ချန်က ဒီနှစ်တွင် အသက် ၂၅နှစ် ရှိနေပြီး အစိမ်းရောင် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက ကြီးကျယ်မြင့်မြတ်သော ပါရမီရှင်မဟုတ်သော်လည်း နောက်တက်မည့် ဘုရင်အနေဖြင့် သူက အတော်လေး ထူးချွန်သူဟု သတ်မှတ်နိုင်သည်။ သူ့အတွက် အရေးအကြီးဆုံးက စွမ်းအား မဟုတ်ဘဲ ဦးနှောက်အရည်အသွေးသာ ဖြစ်သည်။

သူတို့ကို လေညင်းကျောင်းတော်ရဲ့ ထိပ်တန်းတပည့်တွေလို့ ငါ ယူဆသင့်တယ်မဟုတ်လား၊ တစ်ယောက်ချင်းစီ အင်မတန် ပြောင်မြောက်တဲ့ အရည်အချင်းတွေ ရှိကြပုံပဲ၊ ကျောင်းအုပ်ကြီး ဖန်ဂျင်က သူ့ရဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို ဘယ်လို ရွေးရမလဲဆိုတာ တကယ် သိတာပဲ။ သူက တစ်ဖက်တစ်ချက်တွင် ထိုင်နေသော သူတို့ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့အကြည့်က နူးညံ့သိမ်မွေ့၍ ယဉ်ကျေးသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now