၅၉၄။ ၇ခုမြောက် ရိုက်ချက်-၁
ဂူလီရှန်က သူတို့ကို ဖိအားအရ တပည့်အဖြစ် လက်ခံထားသည်ပင် ဖြစ်စေကာမူ, ဝိညာဉ်ကုစားဌာန၏ တပည့်အနေဖြင့် သူတို့၏ အဆင့်အတန်းက မြတ်နိုးဖွယ်အနေအထားမှာ ရှိသေးသည်သာ။ သူတို့၏ အနေအထားကို ထိန်းသိမ်းထားဖို့ ဘာမဆို သူတို့ လုပ်ရလိမ့်ည်။
သူတို့က ထိုအနေအထားကို ဆုံးရှုံးဖို့ လုံးဝ မလိုလားကြချေ။
တောင်း... တောင်းပန်ပါတယ်...ငါတို့ နုံအခဲ့လို့ အခြေအမြစ်မရှိတဲ့ အဲကောလာဟတွေကို ယုံကြည်ခဲ့မိတာပါ၊ ငါတို့လို ရွံစရာကောင်တွေကို မင်းရဲ့ ကြင်နာသနားတတ်တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်ပေးဖို့ ငါတို့ မျှော်လင့်ပါတယ် ထိုလူငယ်က စနစ်တကျ ကိုးဆယ်ဒီဂရီချိုး၍ ဦးညွတ်သည်။ ဂျန်ဝုရှီ၏ ခွင့်လွှတ်ခြင်းကို တောင်းခံလိုက်ခြင်းပင် ဖြစ်သည်။
သူ့နောက်ရှိ တခြားကျောင်းသားများလည်း အားလုံး ဦးညွတ်လိုက်ကြသည်။
ဂျန်ဝုရှီက သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ စကားတစ်ခွန်းမျှ မပြောဘဲ အဝေးသို့ ဆက်လက် လျှောက်လှမ်း ထွက်ခွာသွားလေ၏။
လူငယ်များအုပ်စုက ခါးညွတ်၍ ထိုနေရာမှာပင် အကြာကြီး စောင့်ဆိုင်းနေကြသည်။ ပြန်ပြောချက်ကို သူတို့ မရရှိကြချေ။ သူတို့ ခေါင်းပြန်မော့လိုက်ချိန်မှာတော့, ဂျန်ဝုရှီက သူတို့အား မည်သို့မျှ စိတ်ဝင်စားမှုကို မပြသဘဲ ဝိညာဉ်ကုစားဌာနမိန်းတံခါးမကြီးမှ ထွက်ခွာသွားတာကို သူတို့ မြင်လိုက်ကြရသည်။ ထိုအခိုက်တွင် ကမ္ဘာကြီး သူတို့အပေါ် ပြိုကျလာသလို သူတို့ ခံစားလိုက်ကြရသည်။ ပျက်စီးဆုံးရှုံးတော့မည့် အရေးကြောင့် သူတို့ တရှုံ့ရှုံ့ ဖြစ်သွားကြသည်။
တို့...တို့တွေ ဘာ...ဘာလုပ်သင့်သလဲ... ဒါ... ဒါက ငါတို့ကို... ခွင့်မလွှတ်ဘူးလို့... ဆိုလိုတာ မဟုတ်ဘူးလား လူငယ်များ ပူးကပ်သွားပြီး ငိုကြွေးလာကြသည်။ သူတို့က မလွဲမသွေ ဝိညာဉ်ကုစားဌာနကနေ နှင်ထုတ်ခံရတော့မည်ဟူ၍ ဝမ်းနည်းဖွယ် မြင်ကွင်းကို မြင်ယောင်ပြီး ငိုကြွေးကြလေ၏။
