၈၉၂။ မီးတိုင်းပြည်ဘုရင့်လက်စွပ်(၃)

181 18 0
                                    

၈၉၂။ မီးတိုင်းပြည်ဘုရင့်လက်စွပ်(၃)

ဘုရင်ကြီးက လေ့ချန်ကို တကယ်တော့ မနှစ်သက်ပေ။ သို့သော် လေ့ချန်ကို သူ့သားဟူ၍ စဉ်းစားထားတုန်းပင်။ သူ့ကို အိမ်ရှေ့စံရာထူးမှ ဖယ်ရှားပစ်ချင်ရုံသာ ရှိသည်။ လေ့ချန်ကို သတ်ပစ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပေ။ သို့သော် ဂျန်ရှီ၏ ကိစ္စက မတူညီတော့ချေ။

အရှင်မင်းကြီးရဲ့ စိတ်ထားအရဆိုရင်, သူက ဂျန်ရှီ့ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး၊ ဂျန်ရှီက ရန်တိုင်းပြည်ပိုင်နက်ထဲကနေ ထွက်သွားတော့မှသာ, သူ လုံခြုံစိတ်ချရလိမ့်မယ် ဝမ်ယု၏ လေသံက တည်ကြည်လေးနက်နေသည်။

လေ့ချန်က ချောက်ချားလွန်းသဖြင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ ဂျန်ရှီ၏ လက်မှာ ဝတ်ဆင်ထားသော မသိသာမထင်ရှားသည့် လက်စွပ်က ကောလာဟလများမှာ ပြောဆိုထားသော မီးတိုင်းပြည်၏ တော်ဝင်လက်စွပ် ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးထဲ မရှိခဲ့ပေ။

ဒါ.... ဒါ..... ဂျန်ရှီက.... နတ်ရွာစံသွားတဲ့ ဘုရင့်အကိုတော်ရဲ့ သားမြေးများ ဖြစ်နေမလား လေ့ချန်က မျက်လုံးပြူးလျက် မေးသည်။

ဝမ်ယုက ခေါင်းယမ်းလိုက်သည် ငါ ဒါကို သေချာ မပြောနိုင်ဘူး၊ ငါ ပြောနိုင်တာက အဲလက်စွပ်က မီးတိုင်းပြည်ကို ထူထောင်ခဲ့တဲ့ ဘုရင်ကြီးရဲ့ လက်စွပ် အစစ်အမှန်ဆိုတာပဲ၊ အဲလက်စွပ်ကို ပြန်လည် ပြုပြင်ပြီး သန့်စင်ထားခဲ့တာ၊ ဘုရင်အဆက်ဆက်က သူတို့ နတ်ရွာစံသွားပြီးနောက်, လက်စွပ်ဝိညာဉ် မနေထိုင်တော့တဲ့ လက်စွပ်ကို နောက်မျိုးဆက်ဘုရင်ကို ပြန်လည် သန့်စင်ဖို့ ပေးအပ်ကြတယ်၊ အဲကတည်းက အဲလက်စွပ်ကို ‌တော်ဝင်လက်စွပ်လို့ နာမည်တပ်ခဲ့တယ်၊ ဂျန်ရှီက ဘုရင့်အကိုတော်ရဲ့ သားမြေးမဟုတ်ရင်တောင်, သူက တစ်နည်းနည်းနဲ့ ချိတ်ဆက်နေလိမ့်မယ်၊ အဲသလိုမှ မဟုတ်ရင် တော်ဝင်လက်စွပ်ကို သူ ပိုင်ဆိုင်နေစရာ အကြောင်းမရှိဘူး။

လေ့ချန်က ဝမ်ယုကို အတော်ကြာအောင် မှင်သက်ငေးမောလျက် ကြည့်နေမိသည်။ ထို့နောက် သူ ဟားတိုက် ရယ်မောလေ၏။

ဟားဟားဟားဟားဟား, မိုးကောင်းကင်က ငါ့ဘက်မှာ ရှိနေတာပဲ, မိုးကောင်းကင်ကြီးက ငါ့ဘက်မှာ ရှိနေတာပဲ

ပါရမီရှင်သမားတော်(၂)Where stories live. Discover now