၂၂၂။ "တတိယရိုက်ချက် -၄"

1.2K 92 1
                                    

 ၂၂၂။ “တတိယရိုက်ချက် -၄”

ဂျန်ဝုရှီ၏ အေးစက်သည့် အကြည့်က တိုက်ပွဲကွင်းပြင်ကို ဖြတ်သန်းသွားသည်။ သူမ မြင်ကွင်းက ဂျန်ရှင်းယန်နှင့် ဂျန်ချင်းအပေါ် ရောက်ရှိသွားပြီး သူတို့ ဒဏ်ရာများကို တွေ့မြင်သွားလျှင် သူမ စိတ်ထဲတွင် ဒေါသအိုး ပေါက်ကွဲသွားသည်။

သူမက ချင်းယန်ကလန်၏ မာန်ထောင်ခြင်းကို အသုံးချပြီး မိုချင်းယွမ်အား ဘုရင်တစ်ပါး၏ လုပ်ကိုင်ဆောင်ရွက်သင့်သည့် နည်းလမ်းကို သင်ပေးဖို့ ရည်ရွယ်ခဲ့သည်။ ထို့ပြင် ဂျန်ဝုယောင်း၏ အကူအညီဖြင့် ချင်းယန်ကလန်နှင့် ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်ထားခဲ့သည်။ သူမက မမျှော်လင့်ဘဲ အဆင့်တက်နေခဲ့ရပြီး အချိန်ကို သတိမမူဘဲ ရှိနေခဲ့စဉ် ချင်းယန်ကလန်က သူတို့ တံခါးဝထိ လာရောက်၍ စော်ကားလာခဲ့သည်။

ဂျန်ဝု‌ယောင်းက အဆင့်တက်နေသည့် သူမကို ကာကွယ်ပေးနေရာမှာ အာရုံနစ်မြုပ်နေပြီး လင်းအိမ်တော်ကို ဝိုင်းရံလုပ်ကြံနေတာကို သူ မသိခဲ့ပေ။

အခု ဂျန်ရှင်းယန်နှင့် ဂျန်ချင်းမှာ သွေးများ စွန်းထင်းနေတာကို တွေ့မြင်လိုက်ရလျှင်, ဂျန်ဝုရှီမှာ အတွေးတစ်ခုတည်းသာ ရှိတော့သည်...

ချင်းယန်ကလန်မှ လူအားလုံးကို ထောင်ချီဖြတ်တောက်၍ သတ်ဖြတ်ပစ်ချင်နေပြီး တစ်ယောက်ကိုမျှ အလွတ်မပေးလိုတော့ပေ။

မိန်းမငယ်လေးနှင့် အနက်ရောင်သားရဲ၏ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ချင်းယန်ကလန်မှ လူအားလုံးက အံ့အားသင့်သွားကြသည်။ သို့သော် သူတို့က ဂျန်ဝုရှီ၏ ငယ်ရွယ်နေခြင်းကို တွေ့မြင်ရလျှင် စိတ်သက်သာရာ ရသွားကြသည်။

သည်မိန်းမငယ်လေးက ရှိလှမှ ၁၅နှစ်မျှသာ။ ဂျန်ရှင်းယန်နှင့် ဂျန်ချင်းတို့သည်ပင် သူတို့ကြောင့် ဒဏ်ရာရကုန်သည်။ မိန်းမငယ်လေးတစ်ယောက်က သူတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang