၇၈၉။ တိုက်ပွဲ စတင်ခြင်း (၄)

336 35 0
                                    

၇၈၉။ တိုက်ပွဲ စတင်ခြင်း (၄)

မဲနှိုက်ရန် ဖြည်းညင်းစွာ သွားသော ဂျန်ဝုရှီကို စူးစိုက်ကြည့်နေလျက် ထိုလူငယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုလူငယ်၏ မျက်နှာအမူအရာက ပျော်ရွှင်နေသော အမူအရာ မဟုတ်ချေ။ တကယ်တော့ ငိုချင်စိတ်ပေါက်သွားလောက်အောင် စိတ်ပျက်အားငယ်သွားသော အမူအရာသာ ဖြစ်ချေသည်။

(ဘယ်လို ဟာသမျိုးလဲ)

(ဘာလို့ ငါက ဒီမွန်းစတားနဲ့ တိုက်ခိုက်ဖို့ မဲကျသွားရတာလဲ)

အိမ်ရှေ့စံ၏ နန်းဆောင်တွင် ညစာစားပွဲညကို ပြန်လည် အောက်မေ့လိုက်လျှင်, သူနှင့် အတူ တခြားလူငယ်များက ဂျန်ဝုရှီနောက်သို့ လိုက်ပါသွားခဲ့ကြသည်။ ဂျန်ဝုရှီကို ရွေးချယ်၍ တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့ အသွားမှာ မာန်ဝံ့ကာ သွားခဲ့သော်လည်း အပြန်မှာ ကြောက်လန့်တကြားဖြင့် အမြီးကုပ်ကာ ပြန်လာခဲ့ကြရသည်။ ထိုစဉ်က ပုံရိပ်က သူ့အား ပြောနေသည်မှာ ထိုအချိန်မှာကတည်း ဒီနှစ် လိပ်ပြာတိုက်ပွဲမှာ သူ့ကံကြမ္မာက ကောင်းမွန်တော့မည် မဟုတ်ဟူ၍ ဖြစ်သည်။

(ထိုကောင်လေးက အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင်လေ, အစိမ်းရောင်ဝိညာဉ်စွမ်းအားရှင်ပါဟ...)

(သူ့လို လိမ္မော်ရောင်အဆင့်လေးနဲ့ ဒီမွန်းစတားကို ဘယ်လို ပြိုင်ဆိုင်ရမလဲ။)

ထိုအခိုက်မှာ ထိုလူငယ် ခံစားနေရတာက ငိုချင်းချခြင်းပင်။

ဒီနှစ် လိပ်ပြာတိုက်ပွဲ ပထမအကျော့မှာ မင်း မယှဉ်ပြိုင်ချင်ဆုံး လူက ဘယ်သူလဲလို့ သူ့အား မေးလာခဲ့လျှင်, ချူလင်းယွဲ့လို့ ဖြေမှာ မဟုတ်ဘဲ, ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းမှာ နားမလည်နိုင်လောက်အောင် အရမ်းကာရော တိုးတက်နေသော ထိုမွန်းစတားကိုသာ သူ မယှဉ်ပြိုင်ချင်ဆုံး လူဟူ၍ ညွှန်ပြရလိမ့်မည်။

တခြားလူများက ဂျန်ဝုရှီ၏ စွမ်းအားကို မသိကြချေ။ သို့သော် ကံမကောင်းသဖြင့် နဂါးသတ်ကျောင်းတော်မှ ကျောင်းသားများက ဂျန်ဝုရှီ၏ ဝိညာဉ်စွမ်းအားအဆင့်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရသည်။ တပန်းသာသည်ဟု ဆိုသင့်သော ဒီသတင်းအချက်အလက်က မည်သို့ပင် ဖြစ်စေ, နဂါးသတ်ကျောင်းတော်မှ သူ့ကို ကိုယ့်ကိုယ်ကို နာကျင်ခြင်းမှ ကယ်တင်ဖို့ နံရံနှင့် ဦးခေါင်းကို ပြေးဆောင့်ချင်စိတ် ပေါက်သွားစေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now