၇၃၁။ ရှစ်ခုမြောက် ရိုက်ချက် (၁၂)
နင်ရူ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သို့သော် ဖန်ဇိုနှင့် ဖန်ဂျင်က သူ့အား မည်သို့မျှ မတုံ့ပြန်ပေ။ အငြိုးသိုလျက် ကြည့်နေသော သူ့ကို စူးစူးရဲရဲ ဆက်ကြည့်နေလေ၏။
မင်းတို့ မှန်တယ်၊ မင်းတို့ ပြောသမျှ အကုန်လုံး အမှန်တွေချည်းပဲ၊ ဖန်ချီကို သတ်ဖို့ ဂုယင်ကို ခိုင်းတော့ရော ဘာဖြစ်လဲ၊ ငါ နှစ်ပေါင်းများစွာ မကျေမနပ် ခံစားခဲ့ရတယ်၊ အဲငတုံး အဖိုးကြီး လေညင်းကျောင်းတော်ကို ငနုံငအ ဖန်ချီကို လွှဲပေးလိုက်တာကြောင့်ပဲ၊ ပြီးတော့ ငါ့ထက် အရင် သူက တပည့်ဖြစ်လာတော့ရော, ငါက သူနဲ့ မယှဉ်နိုင်ဘူးလား နင်ရူက ရုတ်တရက် သူ့ကိုယ်သူ ကာကွယ် ပြောမနေတော့ဘဲ ဖန်ချီအား သတ်ဖြတ်ခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ဝန်ခံလိုက်သည်။
သူက ရှေးဦးစွာ အမှန်တရားကို ဖုံးထားလိုသည်။ ပထမအချက်အနေဖြင့် မဟာဌာနမှာ ဆရာဦးရေ လုံလောက်စေလိုသောကြောင့် ဖြစ်သည်။ ၎င်းဆရာများက ကျောင်းသားများ လာအောင် ဆွဲဆောင်လိမ့်မည်။ သို့သော် အခု ဖန်ဂျင်၏ စကားများက သူ့အား ပြန်လည် ပြုပြင်လို့ မရသည်အထိ တွန်းထုတ်ခဲ့လေပြီ။ ဆရာများက သူ့အား ယုံကြည်မှု ကင်းမဲ့သွားကြလေပြီ။ သူနှင့် ပူးပေါင်းကြံစည်ခဲ့သော ဂုန်ချန်းလီမှ တပါး တခြားဆရာများက ကျောင်းတော်မှာ နေထိုင်ကြမည် မဟုတ်တော့ပေ။
ဒုတိယအနေဖြင့် သူက ကျောင်းအုပ်ကြီးရာထူးကို အသုံးချပြီး ကျောင်းသားများ အားလုံးကို မိုးကောင်းကင်အဆုံး ချောက်နက်သို့ ဦးဆောင် ခေါ်သွားဖို့ သတ်မှတ်ထားသည်။ သို့သော်ငြား သူ၏ စီမံကိန်းက ဖြစ်နိုင်ဖွယ် မရှိသည်တော့ မဟုတ်ပေ။ ကျောင်းသားများအားလုံး ချောက်နက်သို့ မသွားဖို့ အတင်းအကျပ် ငြင်းဆိုကြမည် ဆိုလျှင်တောင်, ဂုယင် သဘောတူ မတူ, သူ့ဆုံးဖြတ်ကိုသာ ကြည့်ကြရလိမ့်မည်။
ဂုယင်၏ စွမ်းအားကို နင်ရူကိုယ်တိုင်ပင် စမ်းသပ်စစ်ဆေးလို့ မရပေ။ သူ ကောင်းကောင်း မသိထားပေ။ ဒီခရီးစဉ်မှာ ဂုယင်နှင့် အတူ သွားမည့် အပေါင်းအဖော်များလည်း ရှိကြသေးသည်။ သူတို့က မကြာခင် ရောက်ရှိလာကြမည်။ သူတို့ ရောက်လာသည်နှင့် ကျောင်းသားများ ကြောက်လန့်တကြား အညံ့မခံမှာကို ကြောက်စရာ မလိုတော့ပေ။