၈၅၁။ ပြိုင်ဘက်ကင်း ပါရမီရှင် သမားတော် (၇)
ဟမ့်... မမလေးချူကို ငါတို့ ပေးထားတဲ့ ဆေးကျိုအိုးက ဟိုဘက်နားမှာတင်၊ ဆေးပညာအကြောင်း တစ်ခုတန်သည် နှစ်ခုတန်သည် သိတဲ့ ဘယ်သူမဆို ငါတို့ သူမကို ပေးတဲ့ ဆေးကို သိဖို့ မခက်ခဲဘူး၊ ပြီးတော့ ဒီမှာ လူတွေ အများကြီး ရှိနေတာပဲ၊ မမလေး ချူဒဏ်ရာရပုံနဲ့ သူမကို ငါတို့ ပေးတဲ့ ဆေးအကြောင်းကို ပေါက်ကြားဖို့ဆိုတာလည်း လွယ်လွယ်လေး၊ လျှို့ဝှက်ထားတာမှ မဟုတ်တာ၊ ဒီအကြောင်းကို သိချင်ရင် ဒီနားရှိတဲ့ ဘယ်သူ့ကို မဆို မေးလို့ ရနေတာပဲ၊ တည်းခိုအိမ်စောင့်တွေနဲ့ အစေခံတွေတောင် ဒီအကြောင်းကို သိနိုင်သေးတာပဲ။
နန်းတွင်းသမားတော်ကြီး လီက အထင်သေးစွာ ရယ်လျက် ပြောသည်။ သူ့အနေဖြင့် မည်သို့ပင် ကြည့်ပါစေ, အချိန်တိုအတွင်းမှာ လူနာတစ်ယောက်၏ ဒဏ်ရာကို အမှားအယွင်း မရှိ တိတိကျကျ သိနိုင်သူ, လူနာအား ပေးထားသည့် ဆေးဝါးများ ဆေးဖက်ဝင်များကို အမှားအယွင်းမရှိ ဖော်ထုတ်နိုင်သူဆိုတာ မရှိနိုင်ဟု သူ ယူဆထားသည်။
ဂျန်ဝုရှီက ထိုသို့ အပြောခံရသဖြင့် နည်းနည်းလေးပင် စိတ်အနှောင့်အယှက် မဖြစ်ပေ။ နန်းတွင်းသမားတော်ကြီး လီ၏ အယုံအကြည် မရှိခြင်းကိုလည်း ဆန့်ကျင်ဘက် လုပ်မနေပေ။ သူမက သူမခန္ဓာကိုယ်ကို အိပ်ရာပေါ်တွင် လဲလျောင်းနေသော ချူလင်းယွဲ့သို့ လှည့်ရုံမျှသာ လှည့်ကြည့်လိုက်သည်။
ရုတ်တရက် သူမက ခါးကိုင်းလိုက်ပြီး ချူလင်းယွဲ့၏ လည်ပင်းနောက်ဘက် နားအနီးကို ညင်သာစွာ တို့ထိလိုက်သည်။
တစ်ဖက်မှာ ရပ်နေသည့် ဂျန်းယင်းလောင်က တုန်လှုပ်ချောက်ချားစွာ အော်ငေါက်လိုက်သည် မင်း ချူလင်းယွဲ့ကို ဘာလုပ်မလို့လဲ။
သို့သော်ငြား ဂျန်ဝုရှီက နားပင်းသွားသလို ပြုမှုလိုက်ပြီး သူမ၏ ဖြူဖွေးနုဖတ်သော လက်လေးက ချူလင်းယွဲ့၏ လည်ပင်းနောက်သို့ အလွန်မြန်သော အလျင်ဖြင့် ထိခတ်လိုက်သည်။ သူမလက်ချောင်းဖျားမှ ခပ်မှိန်မှိန် လက်ခနဲ ဖြစ်သွားပြီး ချူလင်းယွဲ့၏ နားထဲသို့ ငွေအပ်ကို စိုက်ထည့်လိုက်သည်။ သူမ စိုက်လိုက်သော ငွေအပ် ဝင်သွားသည်နှင့် ဂျန်ဝုရှီက အလင်းအလျင်လို ပြန်ဆုတ်လိုက်သည်။
