၈၂၆။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၁)

304 32 0
                                    

၈၂၆။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၁)

ပြိုင်ပွဲများကို မစတင်သေးပေ။ ဂျန်ဝုရှီက လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာသည်။ မျက်လုံးမှန်သမျှက သူမအပေါ်သို့ စိုက်ကျလာကြသည်။ သို့သော် သူမက ခြေလှမ်းမှန်မှန်ဖြင့် တိုက်ပွဲကွင်းပြင်သို့ လျှောက်လှမ်းလာသည်။ နေရာပေါင်းစုံမှ အကြည့်ဓားမြှောင်များက သူမအား မည်သို့မျှ သက်ရောက်ဟန် မရပေ။

တချို့လူတွေက ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာကြတယ်၊ သူတို့က ဘာမှ မလုပ်ရဘဲ, ဘာမှ မသိဘဲနဲ့တောင် တစ်ယောက်ယောက်က သူတို့အတွက် ရှေ့ဆက်ဖို့ လမ်းခင်းပေးကြတယ်၊ ငါတို့ကတော့ကွာ အပန်းတကြီးနဲ့ တိုက်ခိုက်ရ, အသက်တွေနဲ့ စွန့်စားပြီး ကြိုးစားရနဲ့, အောင်မြင်ဖို့လည်း မသေချာဘူး၊ တချို့ကျတော့ စကားလုံးလေး တချို့တလေနဲ့ အောင်မြင်မှုကို ဆွတ်ခူးသွားတတ်ကြတယ်ကွာ။

လူငယ်များ၏ လေသံများက မနာလိုခြင်းများဖြင့် ပြည့်နှက်နေကြသည်။ သူတို့က ဂျန်ဝုရှီကို စူးစူးရဲရဲ ကြည့်လျက် အသံထွက်ကာ တီးတိုးတီးတိုးဖြင့် အတင်းတုပ်နေကြလေ၏။ သူတို့အသံများက သူတို့ ပတ်ပတ်လည်ရှိ လူတိုင်း ကြားရလောက်‌အောင် ရှင်းလင်းပြတ်သားသည်။ ကြားရသူများက ထိုလူငယ်များ၏ စကားကို သဘောတူကြသည်။ သူတို့က ဂျန်ရှီ၏ မယုံကြည်နိုင်ဖွယ်ကောင်းသော ကံကောင်းခြင်းကို မနာလို ဖြစ်နေကြသည်။

သူတို့ စကားလုံးများက စူးရှရှ ဖြစ်နေကြသော်လည်း သူတို့က ဂျန်ရှီရှေ့မှာတော့ အသံကျယ်ကျယ် မထွက်ရဲကြချေ။ တကယ်ဆို အသတ်ခံရသော ကျောင်းသားက ဂျန်ရှီနှင့် ပတ်သက်နေသည် မဟုတ်လော။ သူတို့က လေ့ချန်၏ ရာထူးအာဏာနှင့် အရှိန်အဝါကို ကြောက်ရွံ့နေကြသည်။ သို့သော် ကြောက်ရွံ့ခြင်းကပင် သူတို့၏ မနာလိုခြင်းကို ပိုမို၍ ပြင်းထန်သွားစေသည်။

ထို့နောက် လိပ်ပြာတိုက်ပွဲ စတင်လိုက်သည်။ ပထမပွဲ စတင်သည်နှင့် တိုက်ပွဲစင်မြင့်မှ လာသော ဆူညံသံများက မရပ်စဲတော့ပေ။ လူငယ်များက သူတို့၏ စွမ်းရည်များကို အကုန်သုံး၍ တိုက်ခိုက်ကြသည်။ သူတို့ကိုယ်တိုင် လိပ်ပြာတိုက်ပွဲမှာ တစ်နေရာရာမှာ ချိတ်နိုင်ဖို့ မျှော်လင့်ထားကြသည်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя