၃၆၉။ "ထပ်လိုချင်လား - ၁"

638 57 0
                                    

၃၆၉။ ထပ်လိုချင်လား - ၁

ဟီချွဲ့ရှန်၏ မျက်နှာက စိမ်းပြာသွားပြီး သူ့နှုတ်ခမ်းများက ခရမ်းရောင် ပေါက်သွားကြသည်။ သူ့မျက်နှာကို ဖြတ်ရိုက်ခံရသလို သူ ခံစားသွားရပြီး အရှက်ကွဲခံရတာ ပြောစရာစကားထက်ပင် လွန်နေသည်။

ကျောင်းအုပ်အဖိုးကြီးက ဂျန်ဝုရှီကို လှည့်ကြည့်ပြီး သူ့အမူအရာက မယုံကြည်နိုင်လောက်အောင် နွေးထွေး၍ သူမအား ချစ်မြတ်နိုးဟန် ဖြစ်လာသည်။ သူ့မျက်လုံးများ၏ ဂျန်ဝုရှီကို မြင်ပုံက ရွှေပုံကြီး လျှောက်လာပြီး စကားပြောနေသည်ဟူ၍ ဖြစ်သည်။

ဂျန်ရှီ, မင်းနာမည် ဟုတ်တယ်မို့လား၊ မင်း အရှေ့ဖက်ဝင်းမှာ အကြာကြီး နေနိုင်တယ်, တစ်ခုခု စိတ်မကျေပ်တာကို တွေ့မိရင်, ငါ့ကို လွတ်လွတ်လပ်လပ်သာ လာ အသိပေးချေ, ဟုတ်ပြီလား ကျောင်းအုပ်အဖိုးကြီးက မယုံကြည်နိုင်လောက်အောင် ရက်ရောပြီး လက်ဖွာသော လူငယ်ကို ရုတ်တရက် ခခယယ လုပ်လာသည်။ ထိုခဏမှာ ဂျန်ဝုရှီအား ဖီးနစ်ကျောင်းတော်မှာ တစ်သက်လုံးပင် နေစေချင်သွားသည်။

ဂျန်ဝုရှီက ပြန်ပြောသောအားဖြင့် သူ့အား မျက်နှာသာ မပေးချေ။

ကျောင်းအုပ်အဖိုးကြီးက လည်ချောင်းရှင်း၍ ဟီချွဲ့ရှန်ကို အသံမာမာဖြင့် ပြောသည်။ မင်းတပည့်တွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက မတော်တဆဖြစ်ပျက်သွားခဲ့တာ, အတိတ်က ကိစ္စဖြစ်သွားပြီ, ငါ နောက်ထပ် အဲလို စကားမျိုး မကြားချင်ဘူး၊ ဂျန်ရှီက အခုမှ ကျောင်းတော်ကို ရောက်ခါစမို့ ဒီမှာ နေသားကျ‌အောင် လုပ်နေရတာ၊ မင်းတပည့်တွေကို သေသေချာချာ ထိန်း၊ လွန်လွန်ကျူးကျူးမဖြစ်စေနဲ့, တခြားသူတွေကို မနှောင့်ယှက်စေနဲ့၊ ငါ မင်းရဲ့ စည်းကမ်းမရှိတဲ့ တပည့်တွေ သူ့ကို အနိုင်ကျင့်တယ်လို့ ကြားရင်, နောက်ထပ် ငါ လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။

ညစ်ပတ်စုတ်ပဲ့သည့် ငွေကြေး၏ မြူဆွယ်မှုလက်အောက် ကျရောက်သွားပြီး ကျောင်းအုပ်အဖိုးကြီးက လုံးဝ သည်းမခံနိုင်သည့်ဟန်ဖြင့် ပြင်းပြင်းထန်ထန် သတိပေးလေ၏။

ဟီချွဲ့ရှန်က ဘေးတစ်ဖက်တွင် ကျောက်တုံးတစ်ခု လို ရပ်နေဆဲပင် ရှိသည်။ သူက စကားတစ်ခွန်းမျှကိုပင် မပြောဆိုနိုင်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now