၆၄၈။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၃)

431 42 0
                                    

၆၄၈။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ (၃)

ထူထဲသော သစ်ရွက် အမိုးအကာ၏ အောက်တွင် ငွေလမင်း၏ အရောင်က တဖျတ်ဖျတ် ဖြစ်နေသည်။ မြက်ခင်းပြင်ကို ငွေရည်များ တစ်စက်စက် ကျဆင်းနေသလိုလို။ မိုးကောင်းကင်မှ ကြယ်တာရာအလင်းများ ရောင်ပြန်ဟပ်နေသလိုလို။ ဂျန်ဝုရှီက ၎င်းအလင်းရောင်ကြားတွင် မတ်တပ်ရပ်နေသည်။ လော့မဲ့မဲ့က သူမခြေထောက် ပတ်လည်ရှိ မြက်များကို အားပါးတရ စားနေသည်။

ရုတ်တရက် လေထုထဲတွင် ပါးလျသော သွေးနံ့ကို ဂျန်ဝုရှီ ထောက်လှမ်းမိသွားသည်။ စိတ်အနှောင့်အယှက်ဖြစ်စရာ သွေးနံ့ကြောင့် သူမ မျက်မှောင်ကြုတ်မိသွားသည်။

ညအမှောင်အောက်တွင် အေးမြမြ လေက ဂျန်ဝုရှီ၏ မျက်နှာကို ခပ်ရွရွ တိုက်ခတ်နေသည်။ ၎င်းလေဖြင့် သွေးရနံ့ကို သယ်ဆောင်လာခြင်း ဖြစ်သည်။

ဒါ လူသားတစ်ယောက်ရဲ့ သွေးပဲ ကြောင်နက်လေးက ရှင်းလင်းပြသည်။ သူ့နှာခေါင်းဖြင့် လေထုထဲ အနံ့ခံလိုက်သည်။

ဂျန်ဝုရှီက သွေးနံ့လာသော နေရာကို စူးစိုက် ကြည့်လိုက်သည်။ တောတောင်အရပ်က တကယ်ပင် လူသူကင်းမဲ့သည်။ လိပ်ပြာသားရဲများကိုပင် မထောက်လှမ်းမိပေ။ ရိုးရိုးသားရဲများပင် နည်းပါးလှသည်။ ရုတ်တရက် သွေးနံ့ ဖြစ်ပေါ်လာချိန်မှာ ဂျန်ဝုရှီအား အတော်လေး ထူးဆန်းသလို ခံစားမိစေသည်။

ငါ သွားကြည့်ရမလား ကြောင်နက်လေးက ဂျန်ဝုရှီကို ကြည့်လျက် သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။

ဂျန်ဝုရှီ ခေါင်းညိတ်ပြလိုက်သည်။

ကြောင်နက်လေးက အမြန် ပြေးထွက်သွားပြီး ပျောက်ကွယ်သွားသည်။

ကြောင်နက်လေး ထွက်ခွာသွားခြင်းကြောင့် မြက်စားနေဆဲ လော့မဲ့မဲ့က နောက်တစ်ကြိမ် ပျင်းရိပျင်းတွဲ ဖြစ်သွားသည်။ သူက ကြောင်နက်လေး ပျောက်ကွယ်သွားသော အရပ်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ ခေါင်းပြန်ငုံ့၍ မြက်များကို ဆက်လက် စားနေလေ၏။

ပတ်ပတ်လည်က အတော်လေး တိတ်ဆိတ်နေသည်။ လေတိုးသံမျှသာ ကြားနေရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now