၆၂၆။ ပြဿနာဖိတ်ခေါ်ခြင်း-၃
ခင်ဗျား ဘာတွေ ပြောနေတာလဲ၊ ခင်ဗျား ကျောင်းအုပ်ကြီး ဖြစ်လာရင်, ဒီကိစ္စက ဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား ဂုယင်က မေးသည်။ သူ့ မျက်ခုံးက အကြီးအကျယ် ပင့်တက်သွားသည်။ သူက ဓားမြှောင်ပေါ်တွင် တင်နေသော သွေးကို လျက်လိုက်သည်။ သူ့မျက်လုံးများက ရုတ်ချည်းပင် သတ်ဖြတ်လိုစိတ်ဖြင့် တဟုန်းဟုန်း တောက်လောင်လာသည်။
၎င်းစကားကို ကြားရလျှင် နင်ရူ အလွန် ဝမ်းသာသွားသည်။ သို့သော် အပေါ်ယံတွင်တော့ ရိုကျိုး၍ ခယနေဟန်ကိုသာ ပြသထားသည်။
သခင်ကြီး ဒီလို အဓိပ္ပါယ်ကောက်နိုင်ပါတယ်။
လေညင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးက ဘယ်မှာလဲ၊ ကျုပ် ခင်ဗျားအတွက် သွား သတ်ပေးမယ်။ ဂုယင်က အလွယ်တကူပင် ပြောသည်။
လောလောဆယ်.... သူ့ကို သတ်ရုံနဲ့တော့ မလုံလောက်သေးဘူး၊ လေညင်းကျောင်းတော်ရဲ့ စည်းမျည်းအရ ကျောင်းအုပ်ကြီး သေဆုံးသွားရင်, ကျောင်းအုပ်ကြီးရာထူးကို သူ့သားက ဆက်ခံရလိမ့်မယ်၊ လက်ရှိ ကျောင်းအုပ်ကြီးမှာ သားနှစ်ယောက် ရှိတယ်၊ ဒါ့ကြောင့် ကျောင်းအုပ်ကြီး သေသွားရင်တောင်, သူ့ရာထူးက သူ့သားတွေဆီပဲ ရောက်သွားလိမ့်မယ်၊ အဲဒါဆိုရင် ကျနော်က ဒုံရင်းဒုံရင်းပဲ ဖြစ်သွားလိမ့်မယ်။ နင်ရူက ရှင်းပြသည်။
ဂုယင်က စိတ်မရှည်စွာ မျက်မှောင်ကြုတ်သွားသည်။
ဘာလို့ ခင်ဗျားက လေကြောရှည်နေရတာလဲ၊ ငါ သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ကိစ္စပြီးပြီမို့လား။
ဟုတ်...ဟုတ်... နင်ရူက နာခံစွာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးသော နေရာတွင်တော့ ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် အေးစက်လို့နေသည်။
သူက မူလကတည်းကပင် ကျောင်းအုပ်ကြီး ရာထူးကို သူ့လှည့်ကွက်ဖြင့် သူ လုယူရန် ကြံစည်ထားခဲ့သည်။ သို့သော် နင်ရှင်း၏ သေဆုံးသွားခြင်းကြောင့် ဖန်ချီနှင့် ရူလင်းစစ်တပ်အပေါ် သူ့မုန်းတီးခြင်းက ကြီးထွားတိုးတက်လာခဲ့ရသည်။