၄၈၇။ "ကာကွယ်သူ အဆင့် လိပ်ပြာသားရဲ-၁"

567 40 0
                                    

၄၈၇။ ကာကွယ်သူ အဆင့် လိပ်ပြာသားရဲ-၁

ဂျန်ဝုရှီက လောင်ချီနှင့် သူ့လူများကို မှီရန် ယဲ့ရှနောက်မှ လိုက်နေ၏။ ထူထပ်သော တောအုပ်၏ အစိတ်အပိုင်းကြီး တစ်ခုကို ဖြတ်ကျော်ပြီးနောက် အဆုံးသတ်တွင် လဝိညာဉ်ရေကန်သို့ သူတို့ ရောက်ရှိလာကြသည်။ ၎င်းရေကန်ကို ထူထဲသော သစ်ပင်များ ဝိုင်းရံထားသည်။

ရေကန်၏ မျက်နှာပြင်က နေရောင်ကြောင့် တလက်လက် ဖြစ်နေသည်။ ထူထဲကြီးမားသော ငွေရေကန်တစ်ခုလိုပင်။ လှိုင်းတွန့်လေးများကြောင့် ကြယ်စင်များလို အရောင်တလက်လက် ဖြစ်နေသည်။ သာယာရှူမောဖွယ် မြင်ကွင်းတစ်ရပ်ပင်။ လဝိညာဉ်ရေကန်၏ တစ်ဖက်စွန်းတွင် လိပ်ပြာသားရဲများက ရေသောက်ဆင်းနေကြသည်။ ထိုခဏတွင် ဂျန်ဝုရှီတို့အဖွဲ့ ရောက်ရှိလာခြင်းကို ခံစားမိခြင်းကြောင့် လိပ်ပြာသားရဲများက နေရာအသီးသီးသို့ ဖရိုဖရဲ သုတ်ခြေတင် ထွက်ပြေးကြသည်။ ၎င်းတို့က သစ်ပင်များဖြင့် အမှောင်ရိပ်သန်းနေသို့ နေရာအသီးသီးသို့ ပြေးဝင်၍ ပျောက်ကွယ်သွားကြသည်။

ဒါ လဝိညာဉ်ရေကန်လား... ဒါပေမဲ့... နင်ရှင်းရော... ရူလင်းစစ်သားတွေရော...ဘယ်မှာလဲ ကျောက်ချူက ပတ်ပတ်လည်သို့ လိုက်ကြည့်သည်။ သို့သော် သုတ်ခြေတင် ထွက်ပြေးသော လိပ်ပြာသားရဲများမှ တပါး မည်သူ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရပေ။

ဂျန်ဝုရှီက ယဲ့ရှသို့ လှည့်ကြည့်သည်။ ယဲ့ရှက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

ဘာဖြစ်နေလို့လဲ ဂျန်ဝုရှီ မေးသည်။

မှင်မြွေလေးက ရုတ်တရက် သေသွားတယ်၊ ဒါပေမဲ့ မသေခင် ရရှိထားတဲ့ အချက်အလက်အရ, မြွေလေးက လဝိညာဉ်ရေကန်ကို ကျော်ဖြတ်လိုက်သွားခဲ့တာ၊ သူတို့ရဲ့ ဦးတည်ရာက လဝိညာဉ်ရေကန် လောက်သာ ဖြစ်ပုံမရဘူး။ ယဲ့ရှက သူ တွေ့ရှိချက်ကို ဂျန်ဝုရှီအား မဆိုင်းမတွ တင်ပြသည်။

သူတို့အားလုံး ယဲ့ရှ၏ ပြောပြချက်ကို မူတည်၍ ချင့်ချိန်သုံးသပ်နေကြစဉ်, သူတို့ ခြေထောက်အောက် မြေကြီးက ရုတ်တရက် တုန်ခါ၍ မြည်ဟည်းလာသည်။

ထူထဲကြီးမားသော သစ်ပင်များဖြင့် ဝိုင်းပတ်ထားသော ရေကန်က လှိုင်းထန်သွားသည်။ တောအုပ်ထူထူတွင် ပုန်းနေကြသော လိပ်ပြာဝိညာဉ်သားရဲများ အားလုံးက သူတို့ဆီ ကြောက်မက်ဖွယ်ရာ ခြိမ်းချောက်မှု ရောက်ရှိလာသဖြင့် ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ လိပ်ပြာသားရဲများက နောက်တစ်ကြိမ် သုတ်ခြေတင် ထွက်ပြေးကြသည်။ ငြိမ်သက်အေးချမ်းသော မြင်ကွင်းက ချက်ချင်းပင် တွန့်ကြေ ပျက်စီးသွားတော့သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora