၃၀၉။ “ပျက်သုန်းခြင်း - ၄”
“ငါတို့အလုပ်အတွက် ဘယ်လိုလုပ်ရမလဲ, ဘာလုပ်ရမလဲဆိုတာကို ငါတို့အဓိပတိ ဆုံးဖြတ်ဖို့ ချန်ထားလိုက်မယ်” ချင်ယွဲ့က လိမ္မာပါးနပ်စွာ သူ့အပေါ် ပုံချမှာကို ဟွာယောင်းက ငြင်းဆိုလိုက်သည်။ သူက ခဲချန်ဂျုမဟုတ်ပေ။ ချင်ယွဲ့ ဒေါသထွက်ထွက် မထွက်ထွက် သူ ဂရုမစိုက်ပေ။ သူ့ကို သည့်အတွက် သတ်ဖြတ်ချင်လာရင်တောင် သူ ထည့်မတွက်ပေ။ သူအာရုံစိုက်သည့် ကိစ္စက သူ့လုပ်ဆောင်ချက်က ချင်းယန်ကလန်ကို မွှေနှောက်နိုင်လား မမွှေနှောက်ဘူးလားဆိုတာသာ ဖြစ်သည်။
ချင်ယွဲ့က ခဲချန်ဂျုကို ဒေါသတကြီး စိုက်ကြည့်၍ အတော်ကြာကြာ တိတ်တိတ်ဆိတ်ဆိတ်နေပြီး နောက်ဆုံးတွင် ပြောချလာသည် “ကောင်းပြီလေ, ငါ သဘောတူတယ်, ဒါပေမဲ့ အကြီးအကဲတွေရဲ့ တိုက်ရိုက်တပည့်တွေကို မထိဖို့တော့ ငါ့ကို ကတိပေးရမယ်၊ ပြီးတော့ ငါ့ကို ဖြစ်နိုင်သမျှ အချိန်တိုတိုနဲ့ အဆိပ်ပေးနိုင်အောင် လုပ်ပေး၊ ငါ မစောင့်နိုင်ဘူး” သူ့သမီးအတွက် လက်စားချေ သတ်ဖြတ်လိုခြင်းက သူ့အား ကန်းသွားစေသည်။ ထို့ပြင် ခဲချန်ဂျု၏ သိသာထင်ရှားသည့် ခြိမ်းခြောက်မှုအောက်တွင် ကြေမွသွားရသည်။ ခဲချန်ဂျု၏ မသင့်တော်သည့် တောင်းဆိုချက်ကို လိုက်လျောပေးရုံမှ တပါး သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
ခဲချန်ဂျု၏ တောင်းဆိုချက်က သူ့အား အကြီးအကျယ် အတိုက်အခံဖြစ်စေပြီး တခြားအကြီးအကဲများ၏ ဒေါသထွက်လာမှာကို ခံရနိုင်ချေရှိတာကို ချင်ယွဲ့က သိသော်လည်း, ယုံကြည်ချက် မရှိစေကာမူ, ချင်းယန်ကလန်က သူ့ထိန်းချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာ ရှိနေသည်မို့ အခြားအကြီးအကဲများ မနှစ်သက်လာလျှင်တောင် ဖရိုဖရဲ အခြေအနေကိုတော့ ယူဆောင်လာမည် မဟုတ်ပေ။
ချင်ယွဲ့၏ မာနထောင်လွှားခြင်းက မကြာခင် သူ့အား ကိုက်ဝါးသွားမည် ဖြစ်သည်။ ခဲချန်ဂျုက အတော့်ကို မာနထောင်လွှားသော်လည်း သူ့အတိုင်းအတာကို သိပြီး ဘောင်ကျော်လာမည်မဟုတ်ဟူ၍ သူက တွေးထားသည်။ သူ သတိမပြုမိလိုက်တာကတော့ သူ့ရှေ့ရှိ ခဲချန်ဂျုက ပြောင်းလဲထားသည့် လူဟူ၍ ဖြစ်သည်။ ထို့ပြင် သည်လူက, ဂျန်ဝုရှီနှင့် အတူတူ ချင်းယန်ကလန်ကို လုံးဝ ဖျက်ဆီးပစ်မည့်သူ, သူတို့ တစ်ခါမျှ မတွေ့ကြုံဖူးသည့် ဖရိုဖရဲအခြေအနေသို့ ဦးစောက်ပြောင်းပြန် ကျသွားစေမည့်သူဟူ၍ သူ မသိပေ။