၆၉၁။ နောက်တစ်ကြိမ် တွေ့ခြင်း (၃)

404 37 0
                                    

၆၉၁။ နောက်တစ်ကြိမ် တွေ့ခြင်း (၃)

ပျော်လား ဂုယင်က ဂျန်ဝုရှီကို ကြည့်သည်။ သူ၏ နက်မှောင်သော မျက်လုံးများက ကြမ်းကြုတ်ရက်စက်စွာ ကခုန်နေကြသည်။

အာ့ဂျန်၏ ဒဏ်ရာများ မည်သူ့ကြောင့် ဖြစ်မှန်း ဂျန်ဝုရှီ နောက်ဆုံးမှာ သိသွားသည်။ သူမက ဂုယင်ကို အေးစက်စက် ကြည့်မြဲသာ ကြည့်နေသည်။ ဂုယင်၏ ဆွပေးသော စကားများကို လျစ်လျူရှူထားသည်။

ဂုယင် ခဏလောက် တန့်သွားသည်။

ပုံစံကြည့်ရတာ မင်း သိပ် သဘောမကျဘူးနဲ့ တူတယ်၊ ဒါပေမဲ့ ကောင်းပြီလေ.... ဒီလို လူမျိုးတွေဆိုတာ အော်ဂလီဆန်စရာတွေပဲလေ၊ ဘာလို့ မင်းကို ကူပြီး ဒီကောင့်ကို မသတ်ပစ်ရမှာလဲ ဂုယင်က ကိုင်ထားသော လူ့လက်ကို အာ့ဂျန်၏ လည်ပင်းသို့ ရွှေ့၍ ညှစ်လိုက်သည်။

အာ့ဂျန်မျက်နှာက ချက်ချင်းပင် ခရမ်းရောင်ပေါက်သွားသည်။

မလိုဘူး, သူ့ကို လွှတ်လိုက် နောက်ဆုံးတွင် ဂျန်ဝုရှီက ပြောလိုက်ရသည်။

သူမ၏ ခံပြင်းခြင်းကို ထွက်ပေါက်ပေးရန် ဂုယင် အမှန်အကန် ကြိုးစားနေသည်ဟူ၍ သူမ မစဉ်းစားပေ။ ထို့ပြင် ထိုအချိန်တုနးက သူမ၏ ကောလာဟလများက လေညင်းကျောင်းတော်တွင် ပျံ့နှံ့နေလျှင်တောင် တစ်ခုတစ်လေမျှ အာ့ဂျန်၏ ပါးစပ်မှ စတင်ထွက်ပေါ်လာခဲ့သည် မဟုတ်ပေ။ ရက်စက်ကြမ်းကြုတ်သော ထိုကောလာဟလများနှင့် သူမအား အငြိုးသိုခြင်းကို သူ ယုံကြည်ရုံမျှသာ ဖြစ်သည်။ အာ့ဂျန်အား ညှင်းဆဲခြင်းက သူမ၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ပေးဖို့ဟူ၍ သူမအား ယုံကြည်စေလိုလျှင်, ဒါက ဟာသ သက်သက်သာ ဖြစ်သည်။

သူ အစစ်အမှန် ရှာဖွေနေတာက, သူမအား ကျေနပ်စေလိုသောကြောင့် မဟုတ်ပေ။ သူမမျက်လုံးများမှ အကြောက်တရားကို နှိုက်ထုတ်လိုသောကြောင့် ဖြစ်သည်။

ဂုယင်က သူမ တောင်းဆိုသည့် အတိုင်း အာ့ဂျန်ကို လွှတ်ပေးလိုက်သည်။ အာ့ဂျန် အဆုပ်ထဲ လေဝဝ ပြန်ရှူသွင်းလိုက်သည်။ အာ့ဂျန်က မြန်မြန်ဆန်ဆန် ထိုင်၍ သူ့ရင်ဘတ်ကို ဖမ်းဆုပ်ထားသည်။ သူ လုံးလုံး ကြောက်ရွံ့သွားသဖြင့် နောက်တစ်ကြိမ် မီးဖိုချောင်ထဲ အဝေးဆုံး နေရာသို့ တွားသွား၍ ပုန်းအောင်းရန် ကြိုးစားလိုက်သည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora