၆၀၆။ ၇ခုမြောက် ရိုက်ချက်-၁၃
ယင်ယန်က အစောပိုင်းတုန်းက သစ္စာဖောက်ဖျက်ခဲ့သည်။ သူက စွပ်စွဲချက်မှန်သမျှကို ဖော်ထုတ်ပြခဲ့သည်။ ထိုအချိန်ကတည်းက သူမ၏ ပျက်စီးခြင်းကံကြမ္မာကို သတ်မှတ်ပြီးသား ဖြစ်သည်။
ဂျန်ဝုရှီ၏ မူရင်းဇာစ်မြစ်ကို သတိမပြုမိခင်လေးမှာ သူမ မျှော်လင့်ချက် အမျှင်တန်းလေး ရှိသေးသည်။ သို့သော် အခု, သူမ လုံးဝ မျှော်လင့်ချက် ပျက်သုန်းသွားလေပြီ။
ဂျန်ဝုရှီက သူမကို အသက်ရှင်သန်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။ ဘယ်တော့မှ....
နင်ရှင်းက ထိုခဏမှာ နောင်တရခြင်း များစွာ ဖြစ်သွားရလေပြီ။ ဂျန်ဝုရှီ၏ မူရင်းဇာစ်မြစ်ကို သူမ စောစော သိထားလျှင်, ဂျန်ဝုရှီလို လူစားမျိုးကို ကမ္ဘာပေါ်တွင် မည်သည့်ကိစ္စကြောင့်ဘဲ ဖြစ်ဖြစ် စော်ကားဝံ့မည် မဟုတ်ပေ။
သို့သော်ငြား သူမ၏ နောင်တက အလွန် နောက်ကျသွားရလေပြီ။
နင်ရှင်း အသက်ရှင်သန်ကျန်ရစ်လိမ့်မည်ဟု မည်သူမျှ မတွေးတောထားကြပေ။ အစောပိုင်းက နင်ရှင်းကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ထားသော နင်ရူက ရုတ်တရက် သူ့သမီး အစောပိုင်း တွေးသလို အတွေးပေါ်လာသည်။ သူ စကားပြောလိုသည်။ သို့သော် သူ အခါခါ တွန့်ဆုတ်နေခဲ့သည်။ နောက်ဆုံးတွင် သူက နောက်ဆုတ် မနေနိုင်တော့ဘဲ ရှေ့တက်လာ၍ မေးသည် မမလေး ဂျန်။
ဂျန်ဝုရှီက နင်ရူကို အဖက်မတန်သလို ကြည့်လိုက်သည်။
နင်ရှင်းက ခွင့်လွှတ်ပေးလို့ မရတဲ့ အပြစ်ကို ကျူးလွန်ထားတယ် ဆိုပေမဲ့, ဘယ်လိုပဲ ဆိုဆို, သွေးက ရေထက် ပြစ်ပါတယ်၊ ကျုပ် သူ့ကို သမီးအဖြစ်ကနေ စွန့်လွှတ်ခဲ့ပေမဲ့ ကျုပ် မမလေး ဂျန်ကို မေးလို့ ရမလား, တကယ်လို့ နင်ရှင်းသာ ရူလင်းစစ်သားတွေရဲ့ စစ်ဥပဒေအရ အပြစ်ပေးချက်ကနေ ရှင်သန်ကျန်ရစ်ခဲ့မယ် ဆိုရင်, အဲဒီနောက် အပြစ်အားလုံး ဖြေရှင်းပြီးသားလို့ ဆိုလိုပါသလား။ နင်ရှင်းက ဂျန်ဝုရှီ၏ အကြည့်အောက်တွင် အတော်လေး တုန်လှုပ်ဖွယ်ကောင်းတာကို ခံစားနေရသည်။
