၉၂၂။ ကန့်လန့်ကာ မတင်ခြင်း (၅)

186 16 0
                                    

၉၂၂။ ကန့်လန့်ကာ မတင်ခြင်း (၅)

သားချင်းသွေးဆေးလုံးလား ဘုရင်ကြီးက သမားတော်များကို မျက်မှောင်ကုတ်၍ ကြည့်လိုက်သည်။ အကြောင်းအရာကို တိတိကျကျ သူ မသိပေ။

သမားတော်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရင်း ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလာသည် ဒါက ခံရသူကို သွေးအများကြီး ဆုံးရှုံးသွားစေနိုင်တဲ့ အဆိပ်ဆေးလုံးပါ၊ အဆိပ်က မကြမ်းတမ်းပေမဲ့, ခံရသူရဲ့ ဒဏ်ရာကို သွေးမတိတ်စေနိုင်တဲ့ အနေအထားကို ဖြစ်ပေါ်စေပါတယ်၊ ဒီအဆိပ်ဆေးက သွေးမခဲစေနိုင်ပါဘူး၊ တစိမ့်စိမ့်နဲ့ သွေးယိုစီးကျနေတော့မှာပါ၊ အဲသလိုနဲ့ ဒဏ်ရာကနေ သွေးတွေ အများအပြား ယိုစီးပြီး သွေးတွေ ဆုံးရှုံးစေပါလိမ့်မည်။

ဘာအဓိပ္ပါယ်လဲ, တိတိကျကျ ပြောစမ်းဖိဖုရားကြီးက သမားတော်၏ စကားများက ထူးဆန်းနေသလို စဉ်းစားမိပြီး ချက်ချင်းပင် မေးလိုက်သည်။

သမားတော်ကြီးက ပြောလေ၏ စတုတ္ထမင်းသားလေးရဲ့ လည်ပင်းက ဒဏ်ရာက မကြီးကျယ်ပါဘူး၊ ဒါပေမဲ့ သားချင်းနီးသွေးဆေးလုံးကြောင့် ဒဏ်ရာက ပိတ်သွားမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် သွေးတွေ အများကြီး စီးဆင်းပြီး အဆမတန် သွေးဆုံးရှုံးသွားလိမ့်မယ်...

မိဖုရားကြီးက တုန်လှုပ်သွားပြီး သူမရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်သည်။ ဘုရင်ကြီး၏ အမူအရာသည်လည်း အချိန်နှင့် အမျှ မဲမှောင်လာသည်။

ဒီအဆိပ်ကို အာနိသင်ပျက်ပြယ်စေနိုင်တဲ့ ဖြေဆေး မရှိဘူးလား ဘုရင်ကြီးက လက်သည်တရားခံကို ရုတ်တရက် မုန်းသထက် မုန်းလာသည်။ ထိုတရားခံ လုပ်ခဲ့သော ဒဏ်ရာက မကြီးကျယ်ပေ။ သို့သော် သူ သုံးစွဲခဲ့သော ဆေးလုံးက မကြီးကျယ်သော ဒဏ်ရာကို သေစေနိုင်သည်အထိ ဆိုးရွားသည်။

နန်းတွင်းသမားတော်ကြီးက ချွေးအေးများဖြင့် စိုရွှဲလာသည်။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များကို သုတ်ပစ်၍ သူ ပြောလိုက်သည် အရှင့်ရဲ့ နိမ့်ကျတဲ့ ဒီအမူထမ်းက အရှင့်သားကို သွေးအားတိုးဆေးတွေကို တိုက်ကျွေးပေးထားပါတယ်၊ သွေးအားတိုးဆေးတွေက ယာယီတော့ အရှင့်သား သွေးဆုံးရှုံးတာကို သက်သာစေနိုင်ပါတယ်၊ ဒါပေမဲ့ သားချင်းနီးသွေးဆေးလုံးရဲ့ အာနိသင်ကိုတော့ လုံးဝ ပျက်ပြယ်အောင် မလုပ်နိုင်ပါဘူး၊ ကုသဖို့ နည်းလမ်း တစ်ခုပဲ ရှိပါတယ်၊ ဆေးလုံးရဲ့ နာမည်က သားချင်းနီးဖြစ်ပါတယ်၊ နာမည်နဲ့ လိုက်လျောညီထွေစွာ ကုသမယ်ဆိုရင် အာနိသင် ပျက်ပြယ်သွားစေနိုင်ပါတယ်။

ပါရမီရှင်သမားတော်(၂)Dove le storie prendono vita. Scoprilo ora