၅၄၇။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၄

573 51 0
                                    

၅၄၇။ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး-၄

ဖန်ဇိုက တည်ကြည်လေးနက်သော လေသံဖြင့် ပြောသည်။ သူ့မျက်လုံးများက ကျောက်တုံးနက်ပေါ်တွင် ရောက်နေသည်။ သူ၏ ရှင်းလင်းလှသော မျက်လုံးတွင် တလက်လက် အရောင်များ ရွှန်းရွှန်းထနေသည်။

အနက်ရောင်သတ္တုလား ရောင်းရူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ၎င်းစကားရပ်ကို သူမ ကြားဖူးသည်။ သူမ ဖန်ဇိုကို ကြည့်သည်။ သူမမျက်လုံးများက အပေါ်ယံအားဖြင့် တစ်စုံတရာကို ရှာဖွေနေ၏။

ကျောက်ချူနှင့် တခြားလူများကလည်း ထူးထူးဆန်းဆန်း ဖြစ်ကုန်သည်။ သို့သော် သူတို့၏ ထူးထူးဆန်းဆန်း ဖြစ်ခြင်းက ဖြစ်ပြီးပြီးချင်း ချက်ချင်း ပျောက်ကွယ်သွားသည်။

အဲသတ္တုအမျိုးအစားက ဝိညာဉ်လက်စွပ်ကို ဖန်တီးဖို့ အရမ်းသင့်တော်တယ်၊ အဲသတ္တုက အရမ်းရှားပါးတယ်၊ အဲလောက် ကြီးတဲ့ ကျောက်တုံးနက်ကနေ သန့်စင်လိုက်ရင်တောင် အနက်ရောင်သတ္တုကို ခိုဥ သာသာလောက်ပဲ ရလိမ့်မယ်။ ဖန်ဇိုက အာရုံစူးစိုက်ကာ ရှင်းပြသည်။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး ဂျန်ဝုရှီကို လှည့်ကြည့်သည်။

ရှီလေး, အဲပစ္စည်းက လူတိုင်းရဲ့ ဝိညာဉ်လက်စွပ်ကို ဖန်တီးဖို့ တကယ် သင့်တော်တယ်၊ ဘာလို့ ငါ လေလံမဆွဲဘဲ နေရမှာလဲ။

သူတို့မှာ ဝိညာဉ်ကျောက်တုံးများ ရှိပြီးသား ဖြစ်သည်။ သို့သော် သူတို့ မည်သည့် သတ္တုအမျိုးအစားကို သုံးစွဲမလဲဆိုတာကို မဆုံးဖြတ်ကြရသေးပေ။

မလိုပါဘူး ဂျန်ဝုရှီ ပြန်ပြောသည်။ ငါ ဝယ်လိုက်ပါ့မယ်။

ဖန်ဇို အံ့အားသင့်သွားသည်။

ဂျန်ဝုရှီက ဖန်ဇိုဘက်သို့ လှည့်ကြည့်ကာ ပြောသည် နင် ဒါ တတ်နိုင်မှာ မဟုတ်ဘူး။

ဖန်ဇို ချက်ချင်း မျက်နှာ ရဲခနဲ ဖြစ်သွားသည်။

သူ တကယ်ပင် ထိုကိစ္စကို မေ့သွားသည်။ သူက အပြင်ထွက်ခဲပြီး ပစ္စည်းများ၏ တန်ဖိုးနှင့် မရင်းနှီးပေ။ သူ ထွက်မလာခင်, ဖန်ဂျင်က ငွေ ထောင်အတော်များများ ထည့်ပေးလိုက်သည်။ သူသည်လည်း နောက်ထပ် ငွေထောင် အတော်များများ ထည့်လာခဲ့သည်။ သူ့ဆီမှာ ရှိသော ငွေထောင်အတော်အများများက သုံးသိန်းတန် ပစ္စည်းကို မည်သို့ ဝယ်နိုင်မည်နည်း၊ ဒါကို သူ သတိမပြုမိလိုက်ပေ။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ