၆၆၉။ သေမင်းနယ်မြေ (၄)
ကျောက်နက်တုံး အစိတ်အပိုင်းတစ်ခုဆီသို့ ဂျန်ဝုရှီ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။ ဖျတ်ခနဲ ယဲ့ရှက ဂျန်ဝုရှီ၏ ဘေးနားတွင် ပေါ်လာပြီး ကျောက်နက်တုံးဘေးနားမှ အဝေးသို့ သူမကို ဆွဲထုတ်သွားလေ၏။
ဂျန်ဝုရှီ ပြန်မဟန်နိုင်ခင်မှာပင် သူမ ရပ်ခဲ့သော ကျောက်နက်တုံးက ကြီးမားလွန်းသော အရိပ်မည်း၏ ရိုက်ချက်ကြောင့် အစိတ်အစိတ်အမွှာမွှာ ကွဲကြေသွားသည်။
မာကျောပြီး ဖြိုခွဲမရသော အနက်ရောင် ကျောက်တုံးက ချက်ချင်းပင် အမှုန်အမွှား ဖြစ်သွားလေ၏။
သခင်မလေး, ကျနော်တို့ ဒီမှာ တစ်ခဏလေးတောင် မနေသင့်တော့ဘူး ယဲ့ရှက စိုးရိမ်တကြီး ပြောသည်။ သူက ဂျန်ဝုရှီ၏ ရှေ့တွင် ရပ်၍ ကာကွယ်ထားပြီး တဖြည်းဖြည်း နီးကပ်လာသော အနက်ရောင်အရိပ်ကြီးကို စူးစိုက် ကြည့်နေသည်။ သူ့မျက်လုံးများက စိုးရိမ်ခြင်းဖြင့် ပြည့်နှက်နေသည်။
အနက်ရောင်အရိပ်ကြီးကို အဖြူရောင်မြူထုက ဖုံးကွယ်ထားသည်။ ၎င်းက မယုံနိုင်ဖွယ် ကြီးမားလွန်းသည်။ သူတို့၏ ဝိညာဉ်မီးလုံးများမှ အလင်းရောင်ဖြင့်ပင် ၎င်းအရိပ်ကြီး တစ်ခုလုံးကို မမြင်နိုင်ကြပေ။
သို့သော် မယုံကြည်နိုင်ဖွယ် သန်မာလွန်းသော ဖိနှိပ်စွမ်း အော်ရာက သူတို့ အရင်က ခံစားဖူးသော အရာရာထက် သာလွန်သော အဆင့်မှာ ရှိနေလေ၏။ ၎င်းအော်ရာက ရုတ်တရက် သူတို့ဆီ ထိမှန်လာပြီး သူတို့နှလုံးသားကို ဖျစ်ညှစ်လာသည်။
ဒါ... ဒါက... ဘာ... ဘာကြီးလဲ... ကျောက်ချူက မြူထုနောက်ကွယ်ရှိ အလွန့်အလွန် ကြီးမားသော အနက်ရောင်ပုံရိပ်ကို မမှိတ်မသုန် ကြည့်နေမိသည်။ ၎င်းအရိပ်ကြီးက မည်သည့်အရာနှင့် တူမှန်း သူ ကောင်းစွာ မမြင်ရသော်လည်း သူ့အရွယ်အစားကို ကြည့်၍ ဆုံးဖြတ်လိုက်လျှင် ၎င်းအရိပ်က လော့မဲ့မဲ့၏ အစစ်အမှန် ပုံသဏ္ဌာန်ထက် မည်သို့မျှ မသေးငယ်ကြောင်း သိနိုင်သည်။
ဒါကြီးက နောက်ထပ် ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးလို့တော့ မပြောပါနဲ့လား ဟွာယောင်းက တုန်တုန်ယင်ယင်ဖြင့် ပြောသည်။