၅၁၀။ ဇွဲကောင်းစွာ လိုက်လာသူ-၁

647 49 0
                                    

၅၁၀။ ဇွဲကောင်းစွာ လိုက်လာသူ-၁

အင်း... ဒီကျောင်းသားတွေ...နန်ဂုန်းစီက လူဝေဂျိုင်နှင့် အဖွဲ့ကို ကြည့်၍ ပြောလာသည်။

ခင်ဗျား သူတို့ကို ပြန်ခေါ်သွားနိုင်တယ် လောင်ချီက တုံးတိတိ ပြောသည်။

ကျေးဇူးပါ နန်ဂုန်းစီက အလွန်အမင်း အရှက်ရနေပြီး ရောင်းဟန်နှင့် လောင်ချီကို သေသေချာချာ တောင်းပန်၍ ချက်ချင်းပင် ထိုကျောင်းသားများကို ပြန်‌ခေါ်သွားလေ၏။ သူက မထွက်ခွာသေးခင်မှာ ၎င်းကိစ္စကို သေချာ ကိုယ်တွင် ဖြေရှင်းမည့် အကြောင်းကို သေသေချာချာ ပြောသည်။

နန်ဂုန်းစီတို့ အဖွဲ့ ထွက်သွားပြီးသည်အထိ စောင့်ဆိုင်းပြီးနောက် ဖန်ဂျီ စိသက်သာရာ ရသွားသည်။ သူက အခုထိ အနေရခက်နေသည်။ သို့သော် စိတ်တင်း၍ ပြောသည် နန်ဂုန်းစီက တည်ကြည်ဖြောင့်မတ်ပြီး တဲ့တိုး ဆန်သူ၊ သူက ဒီကိစ္စတစ်ခုလုံးကို ကျနော့်အဖေကို ပြန်ပြောမှာပါ၊ အဖေက သေသေချာချာ ကိုယ်တွယ် ဖြေရှင်းပေးမှာပါ။

ဖန်ဂျင်က ထိုအခိုက်မှာ အလွန် ကံမကောင်းကြောင်း ခံစားနေရသည်။ ဘာ့ကြောင့် ဒီလို ရူးသွပ်မိုက်မဲသော တပည့်များကို လေညင်းကျောင်းတော် ဝင်ခွင့် ပေးမိခဲ့ပါလိမ့်။ သူတို့က လေညင်းကျောင်းတော်၏ နာမည်ကို ဆွဲချသူများ ဖြစ်ကြသည်။

လောင်ချီက ၎င်းကိစ္စကို နောက်ထပ် မပြောတော့ဘဲ ဂျန်ဝုရှီကို လှည့်ကြည့်သည်။

သခင်မလေး, သင့်လက်အောက်ငယ်သားတွေကို ညွှန်ကြားစရာများ ရှိသေးပါသလား။

ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်၍ ပြောသည် အချိန်တစ်ခုကြာရင်, လူတချို့ ခေါ်ပြီး လေညင်းကျောင်းတော်ကို လာခဲ့လိုက်။

ဟုတ်ကဲ့ လောင်ချီက ခဏလောက် တုံ့ဆိုင်းပြီး ပြောသည် သခင်မလေး ကျောင်းပြောင်းချင်ပါသလား၊ လေညင်းကျောင်းတော်က အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး။

သူတို့ ဘေးမှာ ရပ်နေသော ဖန်ဂျင်က လေးလေးနက်နက် တွေးနေရင်း ထိုခဏမှာ မြေကြီးထဲ တိုးဝင်ချင်စိတ်ပေါက်သွားသည်။

ပါရမီရှင်သမားတော်(၂)Dove le storie prendono vita. Scoprilo ora