၂၈၄။ “ပဉ္စမရိုက်ချက် - ၅”
ခဲချန်ဂျုက ဂျန်ဝုရှီနှင့် ကျောက်ချူကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့မျက်လုံးများက မလိုတမာစိတ်ဖြင့် ကျဉ်းမြောင်းနေသည်။ အထီးကျန်အဆိပ်မီးခိုးက မည်မျှလောက် ပြင်းထန်သလဲဆိုတာကို သူက အခြားသူများထက် ပိုသိသည်။ သည်အဆိပ်က အခိုးအငွေ့အနေဖြင့် ထင်ရှားသည်။ လူများက အသက်အောင့်ထားလျှင်တောင် အဆိပ်က အနည်းငယ် ထိတွေ့သည်နှင့် အရေပြားမှ ခန္ဓာကိုယ်ထဲ စိမ့်ဝင်နိုင်သည်။
မြေအောက်ခန်းက ပိတ်ဆို့နေသည့် နေရာဖြစ်သည်။ သားကောင်နှစ်ကောင်က ဆုတ်ခွာရန် နေရာမရှိချေ။
အထီးကျန် အဆိပ်မီးခိုးက ဝေ့ဝဲတက်လာပြီး မြေအောက်ခန်းထဲတွင် နေရာလပ်မကျန် ပျံ့နှံ့သွားသည်။
ဒီကောင်လေးနှစ်ကောင် သေတာ ကောင်းတယ်။ ဒီအဆိပ်က စစ်တပ်တစ်ခုလုံးကိုတောင် သတ်ဖြတ်ပစ်နိုင်တယ်။
မချိမဆံ့နာကျင်တာကို နည်းနည်းချင်းစီ ခံစားပေတော့။ မလွတ်မြောက်နိုင်တဲ့ ဒီအကျဉ်းခန်းထဲမှာ, မင်းတို့ နှစ်ယောက်လုံးဆီ သေခြင်းတရားလာရောက်လာတဲ့အခါမှာ ကြောက်လို့ တုန်နေပေတော့။
ခဲချန်ဂျုက အလွန်တရာ အန္တရာယ်ပေးလိုဟန်ဖြင့် ကြည့်နေပြီး သူ့အပြုံးက ကြီးမားကျယ်ပြန်လို့လာသည်။ သူက ရိုင်းပျသည့် လူငယ်နှစ်ယောက် သူ့ရှေ့မှာ လဲကျသွားပြီး သူ့ခြေထောက်အောက်သို့ တွားလာတာကို သူ မြင်ချင်နေလေပြီ။
ကျောက်ချူက “အထီးကျန်အဆိပ်မီးခိုး”လို့ ကြားလိုက်ရလျှင် ဇက်ပိုးမွှေးများ ထောင်လာပြီး အခွင့်အရေးရတုန်း ပြေးရန် ဂျန်ဝုရှီ၏ တံတောင်ဆစ်ကို ဆွဲလိုက်သည်။
“ပြေးတော့, အထီးကျန်အဆိပ်မီးခိုးက ပြင်းထန်းလွန်းတယ်၊ နည်းနည်းလေး ထိမိတာနဲ့ မင်းကို သတ်ပစ်လိမ့်မယ်” ကျောက်ချူက အော်ပြောရင်း ဂျန်ဝုရှီကို ဆွဲသည်။ သူ့မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်နေသည်။
