၆၅၇။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၁)

496 46 0
                                    

၆၅၇။ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ရောက်ရှိခြင်း (၁)

သူ့လက်ထဲမှာ မြေပုံ တကယ်ရှိတယ်ဆိုရင်, ငါတို့ နှစ်ကုန်တဲ့ အထိ စောင့်စရာ မလိုတော့ဘူး၊ ငါတို့ ပြန်ရောက်တာနဲ့ လှုပ်ရှားလို့ ရသွားပြီ ဖန်ဇိုက အပြုံးဖြင့် ပြောသည်။ ကျောက်ချူတို့ အားလုံး လေညင်းကျောင်းတော်သို့ ဝင်ရောက်လာခြင်းက မြေပုံ လက်ဝယ်ရှိထားသူကို စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ သူတို့ ပစ်မှတ်က ကျိန်းသေပြီဆိုလျှင်, သူတို့ အချိန်ကုန် သက်သာမည် ဖြစ်သည်။

ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည်။ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို ရှာဖွေခြင်းက သူမအတွက် ဖြစ်နိုင်သမျှ မြန်မြန် အကောင်အထည်ဖော်ဖို့ အထိ အရေးကြီးသည်။ နန်းတော်ဆယ့်နှစ်ခုကို တန်ပြန်နိုင်သည့် အားအင်ကို သူမအား ပေးနိုင်မည့်အပြင်, နောက်ထပ် အကြောင်းပြချက်က သူမဖခင် ဂျန်ဂု ဖြစ်သည်။

စိတ်ငြိမ်ကျောက်စိမ်းက ဂျန်ဂု၏ ခန္ဓာကိုယ်ကို မပျက်မယွင်းရအောင် ထိန်းသိမ်းထားပေးပြီး သူ့ဝိညာဉ်ကိုလည်း ခြေရာလက်ရာမပျက် ထိန်းသိမ်းထားလိမ့်မည်။

အမှောင်ဘုရင်ကြီး၏ အုတ်ဂူက အရှားပါးဆုံးနှင့် စွမ်းအားကောင်းသော မှော်ဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းမှော်ပစ္စည်းများတွင် ဂျန်ဂုအား ပြန်လည် အသက်သွင်းနိုင်သော မှော်ဝင်ပစ္စည်း တစ်ခုတလေကို ရှာနိုင်လိမ့်မည်ဟု သူမ သေချာသည်။

ဂျန်ဂုကို ပြန်လည် အသက်သွင်းနိုင်လျှင် သူမဦးလေးနှင့် ဖိုးဖိုး အလွန် ပျော်ရွှင်မည်ဆိုတာကို သူမ ယုံကြည်သည်။

ကြောင်နက်လေးက ဝိညာဉ်သားရဲ အတော်များများ ဝါးမျိုထားသဖြင့် ခြေလက်ကားယားဖြင့် အနားယူသွားလေပြီ။ ဂျန်ဝုရှီက ကျောက်ချူတို့နှင့် အတူ မိုးကောင်းကင်အဆုံး ချောက်နက်သို့ ခရီးစဉ်အကြောင်းကို အနည်းငယ် ဆွေးနွေးသည်။ ထို့နောက် သူတို့ အိပ်စက် အနားယူလိုက်ကြသည်။

မုကွိုင်ဖန်က သုံးရက်ကြာမှ ပြန်လည် သတိရလာသည်။ သူ အတော် ဒဏ်ရာပြင်းထန်သဖြင့် လှည်းမောင်းတာဝန်ကို ဖေးယန် ယူလိုက်သည်။ အတော်ကြီးမားသော မြင်းလှည်းရှေ့တွင် မိန်းမချောလေးက ကျာပွတ်ဖြင့် တဟဲ့ဟဲ့ မောင်းနှင်နေလေ၏။ သူမအသံက ချစ်စဖွယ်ပင်။ မြင်းဆွဲလှည်းက တရွေ့ရွေ့ဖြင့် သွားနေစဉ် တစ်ခါတရံ စွန့်စားသွားလာသူများဖြင့် ရင်ဆိုင်တိုးလျှင် သူတို့က ဖေးယန်ကို မျက်လုံး ပြူးလျက် မကြည့်ဘဲ မနေနိုင်ကြချေ။ သူတို့ လှိမ့်လာသော မြင်းလှည်းများကို သူတို့ ဘေးချရပ်နား၍ လမ်းပေးသွားကြသည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora