၅၂၀။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၂

494 44 0
                                    

၅၂၀။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၂

ဆူညံပွက်လောရိုက်နေသော စခန်းအတွင်း သာမန် ပုံရိပ်တစ်ခုက မျက်လုံးများစွာကို လှည့်ကြည့်ရအောင် ဆွဲဆောင်သွားသည်။

အလှမ်းဝေးဝေးတွင် စုရုံး၍ စကားပြောနေကြသော လူငယ်များက ရုတ်တရက် လှည့်ကြည့်၍ ၎င်းပုံရိပ်လေးကို အာရုံစိုက်ထားကြသည်။

ဂျန်ဝုရှီက စခန်းအတွင်းသို့ အသာအယာ လျှောက်လှမ်းဝင်လာသည်။ ကြောင်နက်လေးက သူမပခုံးပေါ်တွင် ပျင်းရိပျင်းတွဲ ဝပ်နေသည်။ သို့သော် မျက်လုံးအားလုံးက ဂျန်ဝုရှီနောက်မှ ရွရွလေး ပြေးလိုက်လာသော လော့မဲ့မဲ့ကို ပိုမို အာရုံကျသွားသည်။

ရွရွလေး လျှောက်လှမ်းလာသော ခြေလေးချောင်းက တကယ်ပင် အားနည်းပုံပေါ်နေ၏။ ဂျန်ဝုရှီနောက်မှ မလွတ်တမ်း လိုက်ပါလာသည်။ သိုးငယ်လေး၏ သေးငယ်သော ကိုယ်လုံး, အမွှေးပွပွက မိန်းကလေးများကို နှစ်ခြိုက်သဘောကျသွားစေသည်။ သို့သော် ယောက်ျားအများစုက နှာခေါင်းရှုံ့ကြသည်။

တိုက်ပွဲတောအုပ်မှာ လိပ်ပြာသားရဲများ ပြည့်နှက်နေသည်။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲမှ အနိမ့်ဆုံး လိပ်ပြာသားရဲ အထိ အဆင့်အတန်းမျိုးစုံ ရှိနေသည်။

တချို့ အနိမ့်ဆုံးအဆင့် လိပ်ပြာသားရဲများက တိုက်ခိုက်မှုကိုပင် မလုပ်နိုင်ကြသဖြင့် ကျောင်းသားအများစု၏ ပစ်မှတ်ပင် ဖြစ်မလာကြချေ။ ၎င်းလိပ်ပြာသားရဲများက လော့မဲ့မဲ့လို အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားကြသည်။ ခန္ဓာကိုယ်က သေးသေးလေးများသာ ဖြစ်ကြသည်။ အင်မတန် အပြစ်ကင်းစင်ဟန် ရှိပြီး အန္တရာယ်လည်း မပေးနိုင်ကြချေ။ တစ်ချက်ကြည့်ရုံမျှဖြင့် အဆင့်နိမ့် လိပ်ပြာသားရဲမှန်း လူတိုင်း သိနိုင်ကြသည်။

ဂျန်ဝုရှီ၏ မျက်နှာက မကောင်းသတင်းဖြင့် ကျော်ကြားပြီး ဖြစ်သည်။ လေညင်းကျောင်းတော်တွင် ဆယ်လီတစ်ယောက် ဖြစ်လုလုပင်။ တစ်ချက်ကြည့်ရုံမျှဖြင့် ကျောင်းသားများက သူမ၏ ဇာစ်မြစ်ကို မှတ်မိကြသည်။

လိပ်ပြာသားရဲတောအုပ်ထဲသို့ ဝင်ပြီး တကယ်ပင် အဆင့်နိမ့် လိပ်ပြာသားရဲ တစ်ကောင်ကို ခေါ်ဆောင်လာခဲ့သည်။ ဒါက တချို့ ကျောင်းသားများအတွက် ရယ်စရာဟာသ ဖြစ်နေသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora