၆၄၉။ ငါ့လူနာကို မရှုပ်နဲ့ (၁)

405 39 0
                                    

၆၄၉။ ငါ့လူနာကို မရှုပ်နဲ့ (၁)

ရုတ်တရက် သားရဲဝိညာဉ်များ အဝိုင်းကို သူတို့ ခံလိုက်ရသည်။ သူတို့ ရှေ့ဆက် မတိုးနိုင်တော့ပေ။

ဂါး...... အနက်ရောင်သားရဲကြီးက ခြိမ်းခြောက်နိုင်စွမ်းသော အသံဖြင့် မာန်ဖီလိုက်သည်။ တခြားသားရဲဝိညာဉ်များက အနက်ရောင်သားရဲကြီးထံ ခုန်ဝင်လာကြသည်။

အနက်ရောင်သားရဲကြီးက ချက်ချင်းပင် သားရဲဝိညာဉ် အများအပြားကို ပြန်လည် တိုက်ခိုက်ရတော့သည်။

ဆက်သွားလေ, ပြေးလေ, ဘာလို့ ဆက်မပြေးတော့တာလဲ လိုက်ဖမ်းသူများက အလျင်အမြန် ရောက်ရှိလာကြသည်။ အရေအတွက် ဆယ်ယောက် ဖြစ်သည်။ သူတို့အားလုံး စနစ်တကျ ခန္ဓာကိုယ်တည်ဆောက်ထားသူများ ဖြစ်ကြသည်။ အနက်ရောင်သားရဲကြီးကို သားရဲဝိညာဉ်များဖြင့် ပတ်လည်ဝိုင်းမိထားတာကို သူတို့ တွေ့မြင်ရလျှင်, သူတို့မျက်နှာများက အားရဝမ်းသာစွာ ပြုံးလာကြသည်။

ဒီလူရဲ့ လက်စွပ်ဝိညာဉ်ကို ငါတို့ နှိမ်နင်းပြီးသွားပြီ၊ ဒီအနက်ရောင်သားရဲကြီးက သူ့လက်စွပ်ဝိညာဉ် မဟုတ်ဘူး၊ ဒီကောင် ဘယ်ကနေ ပေါက်ချလာသလဲ ငါတို့ မသိကြဘူး၊ သူ့ကို အမြန် ရှင်းထုတ်လိုက်၊ ငါတို့ ပြဿနာ အကြီးအကျယ် မတက်မိစေနဲ့ ခေါင်းဆောင်က အမိန့်ပေးသည်။ သူက ကြမ်းကြုတ်ခက်ထန်သော အနက်ရောင်သားရဲကြီးနှင့် တိုက်ပွဲဝင်နေသော သားရဲဝိညာဉ်များကို ကြည့်နေသည်။

အနက်ရောင်သားရဲကြီးက လုံးဝ အဝိုင်းခံလိုက်ရသည်။ သူ၏ ထိပ်တန်းအဆင့် အမြန်နှုန်းဖြင့်ဆိုလျှင် သူ လွယ်ကူစွာ လွတ်မြောက်နိုင်သည်။ သို့သော် ဒဏ်ရာဒဏ်ချက် ပြင်းထန်နေသော မုကွိုင်ဖန်က သူ့ကျောပေါ်မှာ ရှိနေသဖြင့် သူ တုံ့နှေးသွားရသည်။ သူ့ အမြန်နှုန်းနှင့် သွက်လက်သော ရွေးလျားချက်က နှေးကျသွားခဲ့ရသည်။ တခြားသားရဲဝိညာဉ်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရသည့်အပြင်, မုကွိုင်ဖန်ကို အတိုက်ခိုက် မခံရအောင်လည်း သေချာဂရုတစိုက်ဖြင့် အနက်ရောင်သားရဲကြီးက ကာကွယ်ပေးနေရပြန်သေးသည်။

တခြားသားရဲဝိညာဉ်များ၏ ပစ်မှတ်က အနက်ရောင်သားရဲကြီး မဟုတ်ပေ။ သူတို့ အနက်ရောင်သားရဲကြီး မလွတ်အောင် ပိတ်ပင်ပြီးနောက်, ခြင်္သေ့ပုံစံ သားရဲဝိညာဉ်နှစ်ကောင်က အနက်ရောင်သားရဲကြီး၏ ရှေ့ဘက်မှ ခုန်ဝင်လာကြသည်။ တခြားသားရဲဝိညာဉ်များက နောက်ဘက် ဘေးဘက်တွင် ပတ်လည် ဝိုင်းထားကြပြီး အနက်ရောင်သားရဲကြီး ကျောပေါ်ရှိ မုကွိုင်ဖန်သို့ ခုန်အုပ်လာကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now