၂၁၁။ “အကျပ်ကိုင်ခြင်း - ၂”
ချင်ယုယန်က တစ်ချိန်လုံး တိတ်ဆိတ်စွာသာ ထိုင်နေ၏။ သူမ မျက်နှာကို အပြုံးဖြင့် ဖုံးထားသည်။
ဂျန်းချန်ချင်း၏ စကားကို ကြားရလျှင် မိုချင်းယွမ်၏ မျက်နှာက လေးနက်သွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည် “ဒါက... အကြံကောင်း မဟုတ်ဘူးလို့ ထင်တယ်၊ ငါတို့ ဘိုးဘေးတွေ ထာဝရအနားယူနေတဲ့ နေရာ, ငါတို့ ဖောက်ထွင်းလိုက်မယ်ဆိုရင်, ဒါက အတော်လေး...”
“သေပြီးသား လူတွေက အရာမဝင်တော့ပါဘူး, အရှင်မင်းကြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူး” ချင်ယုယန်က နူးညံ့စွာ ပြောလာသည်။ “အရင်ဘုရင်ကြီးနဲ့ ဂျန်ဂုက သေသွားပြီးပြီပဲ, သူတို့က ဒီလောကနဲ့ မသက်ဆိုင်တော့ပါဘူး၊ ဘာလို့ အရှင်မင်းကြီးက သေလူ နှစ်ယောက်အတွက်နဲ့ ချီတိုင်းပြည်တစ်ခုလုံးကို အန္တရာယ်တောထဲ ပို့ချင်နေရတာလဲ။”
မိုချင်းယွမ်က ချင်ယုယန်ကို ကြည့်လျက် အံ့အားသင့်နေသည်။ သူကြားတာကို သူ မယုံနိုင် ဖြစ်နေသည်။
ချီတိုင်းပြည်တစ်ခုလုံးကို အန္တရာယ်တောထဲ ပို့တာလား။
ဒါက ခြိမ်းခြောက်နေတာ အသိသာကြီးပဲကို။
နူးညံ့ပုံရသည့် ချင်ယုယန်က ဂျန်းချန်ချင်းထက် ပိုမိုရက်စက်စွာ အဆိပ်အန်ထုတ်မည်ဟူ၍ မိုချင်းယွမ် မထင်ထားခဲ့ပေ။
ညှိနှိုင်းခြင်းခွင့်ပင် မပေးဘဲ သူမက တစ်ခါတည်း ရာဇသံပေးလိုက်သည်လား။
ဝိညာဉ်ကျောက်စိမ်းကို သူတို့အား လွှဲပေးလျှင် သူတို့ ထွက်သွားကြမည်။ သူတို့ ငြင်းဆိုလျှင် ချီတိုင်းပြည်တစ်ခုလုံးကို လွှတ်ပေးမည် မဟုတ်ဆိုပါလား......
မိုချင်းယွမ်က သူ ဘယ်လောက် တုံးအမှန်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ချင်းယန်ကလန်၏ ခေါင်းဆောင်နှင့် အလွယ်တကူ ညှိနှိုင်းလို့ ရမည်ဟူ၍ သူ မျှော်လင့်ခဲ့သည်လား။
