၇၆၇။ အိမ်ရှေ့စံ၏ အတွေးများ (၁)

398 35 1
                                    

၇၆၇။ အိမ်ရှေ့စံ၏ အတွေးများ (၁)

ဒုတိယထပ်ရှိ သီးသန့်ခန်းတွင် ဖူရွှမ်က တွန့်ကြေနေသော အဝတ်အစားများကို ရှက်ကိုးရှက်ကန်းဖြင့် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လည် ပြုပြင်နေသည်။ သူမက လေ့ချန်ကို စားမလို ဝါးမလိုဟန်ဖြင့် ပြုံး၍ ကြည့်နေသည်။ လေ့ချန်က အောက်ထပ်ရှိ အမြင့်ဆုံး လေလံကြေးပေးသူကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။

တခြားကိစ္စတွေ အားလုံးကို ဘေးချိတ်ထားအုံး, လေညင်းကျောင်းတော်က ဆုတ်ယုတ်လာနေပေမဲ့ သူတို့လက်ထဲမှာ ငွေကြေးတော့ အများကြီး ရှိသေးပုံ ရတယ်၊ ဒီတော့ ရွှမ်လေးက ဆင်းရဲမှာ မဟုတ်တော့ဘူးပေါ့။ လေ့ချန်က ဖူရွှမ်၏ ဆံနွယ်များကို သူ့လက်ချောင်းများဖြင့် ရစ်ပတ်၍ စကားပြောသည်။ သူက အဓိပ္ပါယ်ပါပါ စကားပြောခြင်း ဖြစ်သည်။

ဖူရွှမ်က လေ့ချန်၏ ရင်ဘတ်ကို တွန်းထုတ်၍ ဒေါသထွက်နေသလို ဟန်ဆောင်လျက် လေ့ချန်ကို ပြန်ကြည့်လိုက်သည်။

အသဲနှလုံးမဲ့လိုက်တဲ့ လူ၊ နင်က ငါ့ကို တခြားသူတွေဆီ ဒီလောက် မြန်မြန်ကြီး တွန်းပို့ရသလား၊ နင် ငါ့ကို ဒေါသထွက်အောင် လုပ်ရင်, လင်းယွဲ့ရှေ့မှာ နင့်မကောင်းကြောင်းတွေချည်း ငါ ပြောပစ်လိုက်မှာ။

လေ့ချန်က ရယ်လိုက်သည်။ သို့သော် ထပ်မပြောတော့ပေ။ သူက အောက်ထပ်ရှိ လူနှစ်ယောက်ကို စိတ်ဝင်တစား ကြည့်နေမိသည်။ လေညင်းကျောင်းတော်က စွမ်းအားကြီးနေဆဲ ဖြစ်သော်လည်း သာမန်ဆရာများမှာ ထိုမျှလောက် ငွေကြေး မရှိနိုင်ပေ။ ဒီငွေကြေးက အသုံးအဖြုန်းကြီးတာထက်ပင် လွန်နေသေးသည်။

ပစ္စည်းတစ်ခုတည်းအတွက် ဆယ်သန်းကို သွန်လောင်းလိုက်ခြင်းသည် မတန်တဆ ဖြစ်လွန်းသည်။ ထိုလူ၏ လက်ဖွာခြင်းက သူ တွေးတောနိုင်သည်ထက် ပိုလွန်နေသဖြင့် ဆုတ်ယုတ်သွားသော လေညင်းကျောင်းတော်အပေါ်မှာ လေ့ချန် ရုတ်တရက် စိတ်ဝင်စားလာသည်။ သူ သီးသန့်အခန်းထဲမှ ထွက်သွားပြီးလျှင် လေညင်းကျောင်းတော်၏ လူဆယ်ယောက်အကြောင်းကို ချက်ချင်းပင် အသေးစိတ် စုံစမ်း စစ်ဆေးခိုင်းလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now